အိမ်ဖြူတော်မှာ နောက်ဆုံးကျင်းပတဲ့ ‌ဟောလိုးဝင်းပွဲမှာ ပန်ဒါကြီးတစ်ကောင်လို ဝတ်ဆင်ခဲ့တဲ့ အမေရိကန်သမ္မတကတော်

31.10.2024-yyl-1.jpg

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သမ္မတကတော် ဂျေးလ်ဘိုင်ဒင်တို့ဟာ အောက်တိုဘာ ၃၁ ရက်နေ့က အိမ်ဖြူတော်မှာ ဟောလိုးဝင်းပွဲကျင်းပဆင်နွှဲခဲ့ပါတယ်။ သမ္မတကတော်ဂျေးလ်ဟာ ပန်ဒါကြီးတစ်ကောင်လို ဝတ်ဆင်ထားခဲ့တာပါ။

သမ္မတကတော်ဟာ ပန်ဒါတွေ ဝါရှင်တန်ဆီ ပြန်လာတော့မယ်လို့ အခုနှစ်အစောပိုင်းမှာ အမျိုးသားတိရစ္ဆာန်ရုံရဲ့ကြေညာချက်မှာ ပါဝင်ခဲ့တာပါ။ ပန်ဒါတွေက အောက်တိုဘာလအလယ်မှာ ဝါရှင်တန်ကို ရောက်ရှိလာခဲ့တာပါ။ အဲ့ဒါကို ကြိုဆိုတဲ့အနေနဲ့ ဂျေးလ်က ပန်ဒါဝတ်စုံကို ဝတ်ဆင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သမ္မတကတော်ဂျေးလ်ဟာ ဟောလိုးဝင်းပွဲမှာ ပညာရေးဆိုင်ရာ အကြောင်းအရာပါအောင်လည်း ထည့်သွင်းခဲ့ပြီး စာဖတ်ခြင်းကို အားပေးတိုက်တွန်းဖို့ “Hallo-Read” လို့ အမည်ပေးထားပါတယ်။ ဗုဒ္ဓဟူးနေ့အစောပိုင်းမှာလည်း မြက်ခင်းပြင်မှာ စုရုံးနေတဲ့ ဝတ်စုံအပြည့်ဝတ်ဆင်ထားတဲ့ ကလေးအုပ်စုကို Spooky Pumpkins ဆိုတဲ့ ဝတ္ထုတိုကို ဖတ်ပြခဲ့ပါတယ်။

နေဝင်တဲ့အချိန်ကျ သမ္မတနဲ့အတူ အပြင်ဘက်သို့ထွက်လာပြီး လက်ဆောင်တွေပေးကမ်းရင်း အချိန် တစ်နာရီကြာ ဆင်နွှဲခဲ့ကြပါတယ်။ သမ္မတက ကလေးတွေကို ချောကလက်တွေ ထုတ်ပေးခဲ့ပြီး သမ္မတကတော်ကတော့ “10 Spooky Pumpkins” စာအုပ်တွေ ဝေပေးခဲ့ပါတယ်။

ကျောင်းသား/သူနဲ့ကလေးငယ်တွေအပါအဝင် လူ ၈၀၀၀ အထက်က တစ်နေ့လုံး အိမ်ဖြူတော်ဂိတ်ပေါက်ကတဆင့် ဖြတ်သန်းဖို့ ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။ သမ္မတဂျိုးဘိုင်ဒင်ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထပ်မံဝင်ရောက်အရွေးခံမှာမဟုတ်ဘဲ နုတ်ထွက်ကြောင်း ဇူလိုင်လမှာ ကြေညာခဲ့တာပါ။ ဇန်နဝါရီလမှာ အိမ်ဖြူတော်ကနေ ထွက်ခွာရမှာဖြစ်ပါတယ်။

Ref: The Bidens hosted their final Halloween trick-or-treat event. The first lady came as a giant panda

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top