မော်ဒယ်တွေ ရွှံ့တောထဲမှာ ရှိုးလျှောက်ရတဲ့ Balenciaga နာမည်ကြီးအမှတ်တံဆိပ်ရဲ့ Mud Show

3-10-2022-yyl47.jpg

ကန်နေးဝက်စ်

Paris Fashion Week က ထူးထူးခြားခြားဖက်ရှင်ရှိုးတွေ တင်ဆက်ပေးနေတာပါ။ ဒီတစ်ခေါက်မှာတော့ Paris Fashion Week မှာ ပြသခဲ့တာက Balenciaga နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ်ရဲ့ Spring/Summer 2023 ဖက်ရှင်စုစည်းမှုပါပဲ။ ဒီရှိုးမှာ ထူးခြားတာက မော်ဒယ်တွေဟာ ခါတိုင်းလျှောက်နေကျ လျှောက်လှမ်းမှာမဟုတ်ဘဲ စိုစွတ်တဲ့ ရွှံ့တောထဲမှာ ရှိုးလျှောက်ပြခဲ့ရတာပါ။

မော်ဒယ်တွေက Balenciaga ရဲ့၂၀၂၃ခုနှစ် နွေဦး/နွေရာသီဝတ်ဖက်ရှင်တွေကို ဝတ်ဆင်ပြီး ရွှံ့တောထဲမှာ ရှိုးလျှောက်ပြခဲ့ပါတယ်။ Balenciaga က တစ်မူထူးခြားတဲ့အယူအဆတွေနဲ့ လူသိများပေမဲ့ အခုရှိုးကတော့ အတိုင်းအထက်အလွန်ပါပဲ။ Balenciaga ရဲ့တရားဝင်အင်စတာဂရမ်စာမျက်နှာမှာ တင်ထားတဲ့ ဗီဒီယိုမှာ ရွှံ့တွေထူထပ်နေပြီး ရေတွေရှိနေတဲ့ လျှောက်လမ်းပေါ်မှာ မော်ဒယ်တွေ လမ်းလျှောက်နေတာကို တွေ့မြင်နိုင်ပါတယ်။

စူပါမော်ဒယ် ဘဲလာဟာဒစ်

ဒီရှိုးမှာ နာမည်ကြီးမော်ဒယ်တွေပါဝင်ပြီး အနုပညာရှင်တော်တော်များများလည်း တက်ရောက်ခဲ့ကြပါတယ်။ အမေရိကန်ရက်ပ်ပါအဆိုတော် ကန်နေးဝက်စ်ကလည်း ရှိုးပွဲကို ရှိုးလျှောက်ပြီး စဖွင့်ပေးခဲ့ပါတယ်။ စူပါမော်ဒယ် ဘဲလာ ဟာဒစ်ကလည်း ရွှံ့တောထဲမှာ ရှိုးလျှောက်ခဲ့ပါတယ်။ ဒီရှိုးပွဲက ဟိုးလေးတကျော်ဖြစ်လာခဲ့ပြီး မြင်ရသူတိုင်းကို အံ့အားသင့်စေခဲ့ပါတယ်။ ရှိုးပွဲက ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေက လူမှုကွန်ယက်တခွင်မှာ ပျံ့နှံ့နေပါတယ်။

Ref: Balenciaga’s Mud Show At Paris Fashion Week Amazes Internet, Features Kanye West & Bella Hadid

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top