Stay at Home မြို့နယ်ကလူတွေ ဧရာဝတီတိုင်းကိုလာပါက ကွာရန်တင်း(၁၀)ရက်ဝင်ရမယ်လို့ Covid-19 ကော်မတီကြေညာ

rocha2.png

Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်ကသူတွေ ဧရာဝတီတိုင်းဒေသကြီးကိုလာရောက်ပါက ကွာရန်တင်း (၁၀) ရက်ဝင်ရမယ်လို့ ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံံ့ပြန်ရေးကော်မတီက ကြေညာလိုက်ပါတယ်။

Stay at Home မြို့နယ်ကသူတွေကို (၁၀) ရက်အသွားအလာကန့်သတ်ထားရှိပြီး (၃) ရက်မြောက်နေ့မှာ RDT Test Kit ပထမအကြိမ်၊ (၇) ရက်မြောက်နေ့မှာ RT-PRC နဲ့ ဒုတိယအကြိမ်၊ စုစုပေါင်း (၂) ကြိမ် Covid-19 ရောဂါရှိ၊ မရှိကို စစ်ဆေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးက တမူးနဲ့ ကလေးမြို့နယ်၊ ချင်းပြည်နယ်က တွန်းဇံ၊ ဟားခါး၊ ထန်တလန်၊ ဖလမ်းနဲ့ တီးတိန်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးက လက်ပံတန်းမြို့နယ်တို့ကို Stay at Home မြို့နယ်တွေအဖြစ် သတ်မှတ်ထားပါတယ်။

ဇွန်လ (၂၀) ရက်နေ့အထိ မြန်မာနိုင်ငံမှာ Covid-19 ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၁၄၈,၀၂၂) ဦး၊ ဆေးရုံခွင့်ရသူ စုစုပေါင်း (၁၃၃,၆၀၆) ဦးနဲ့ သေဆုံးသူ စုစုပေါင်း (၃၂,၆၂) ဦး ရှိနေပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဖော်ပြချက်အရ သိရပါတယ်။

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top