Game of Thrones ရဲ့ Season (6) ကို ပြန်လည်ခံစားခြင်း

url-3.jpg

Season (6) အစမှာတော့ ဒနဲရိစ်မရှိတော့တဲ့အချိန်မှာ တိုင်ရီယွန်နဲ့ဗဲရိးစ်က တိုင်းပြည်ကို ထိန်းကွပ်ပေးနေတာတွေ့ရမှာပါ။ တိုင်ရီယွန်က ဒနဲရိစ်အကျဉ်းတိုက်ထဲထည့်ထားတဲ့ နဂါးနှစ်ကောင်ကိုလည်း ယဉ်ပါးစေခဲ့သေးပါတယ်။ ဒနဲရိစ်ကတော့ ဒေါ့တ်ရာခီအုပ်စုနဲ့ပါသွားခဲ့ပြီး ဒေါ့ရာခီခေါင်းဆောင်တွေရဲ့ မုဆိုးမတွေကိုထားတဲ့ ခါမိုရိုကိုရောက်သွားပါတယ်။ ဒါကြောင့်ဂျော်ရာ (Jorah) နဲ့ဒါရီယို (Daario) တို့က ဒနဲရိစ်ကိုကယ်ဖို့ လိုက်ပါသွားခဲ့ပါတယ်။

ဒနဲရိစ်ကတော့ ဒေါ့တ်ရာခီတွေကြားထဲကနေ မီးပုံထဲဝင်ပြပြီး အသာလေးလွတ်လာခဲ့လို့ဒေါ့တ်ရာခီအားလုံးကိုပါ သိမ်းသွင်းလိုက်နိုင်ပါတယ်

နေပြည်တော်မှာတော့ High Sparrow က ပိုမိုအင်အားကြီးလာတာကြောင့် ဆာဆီနဲ့ တိုင်ရဲအိမ်တော်တို့ဟာ အာဏာလုနေတာကိုခဏရပ်ပြီး High Sparrow ကိုဖြုတ်ချဖို့ တိုင်ပင်ကြရပါတော့တယ်။ မာဂျရီ (Maegary) က High Sparrow တို့နဲ့ အလိုက်သင့်နေလိုက်နိုင်တာကြောင့်ပြစ်ဒဏ်မခံရဘဲ လွတ်မြောက်လာနိုင်ခဲ့ပေမဲ့ သူ့အစား မောင်ဖြစ်တဲ့လိုရာ (Loras) ကိုတော့ အပြစ်သားအဖြစ် တံဆိပ်ခတ်ဖို့ ဖြစ်သွားခဲ့ပါတယ်။

မြောက်ပိုင်းမှာတော့ ဝင်းတားဖဲလ်ကထွက်ပြေးသွားတဲ့ ဆန်ဆာနဲ့သီယွန်တို့ကို ရမ်ဆေးလူတွေလိုက်ဖမ်းနေတဲ့အချိန်မှာ ဘရီအန်းတို့ရောက်လာပြီး ကယ်တင်လိုက်တာကြောင့် ဒီတစ်ကြိမ်မှာတော့ ဘရီအန်းကို အမှုထမ်းဖို့ ဆန်ဆာတစ်ယောက်ခွင့်ပြုလိုက်ပါတော့တယ်။
ဝင်းတာဖဲလ်မှာကျန်ခဲ့တဲ့ ရမ်ဆေးအတွက်တော့ အခြေအနေတွေက မကျေနပ်နိုင်စရာပါ။ ဖခင်ဖြစ်တဲ့ ရုပ်စ်ဘိုတွန် (Roose Bolton) က တရားဝင်သားလေးတစ်ယောက် ရသွားတာကြောင့် သူ့ရဲ့အမွေဆက်ခံခွင့်က မရေမရာဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ရုပ်စ်ကိုရော မိထွေးကိုရော မွေးကင်းစကလေးလေးကိုပါ အပျောက်ရှင်းလိုက်ပါတော့တယ်။

ဆန်ဆာကတော့ သီယွန်ကို Iron Islandကိုပြန်ခွင့်ပြုလိုက်ပေမဲ့ သီယွန်အတွက် အပြန်လမ်းခရီးကလည်း အကောင်းချည်းပဲမဟုတ်ပြန်ပါဘူး။ သီယွန်ရဲ့ဦးလေး အူယွန်ဂရေးဂျွိုင်းက (EuronGreyjoy) ကဖခင်ဖြစ်တဲ့ ဘေလွန်ဂရေးဂျွိုင်းကို လုပ်ကြံတာနဲ့ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီနောက် Iron Island ရဲ့ဘုရင်နေရာကိုလည်း ယာယာ(Yara) လက်ထဲကနေ လုယူလိုက်တယ်။ ဒါကြောင့် ယာယာနဲ့ သီယွန်မောင်နှမနှစ်ယောက် သင်္ဘောအနည်းငယ်နဲ့ ဒနဲရိစ်ဆီမှာ သွားပြီးအမှုထမ်းမယ်ဆိုပြီး ထွက်လာခဲ့ရပါတော့တယ်။ နန်းလုပွဲဖြစ်သွားတာ Iron Island မှမဟုတ်ပါဘူး။ Dorne မှာလည်း မင်းသားအိုဘရန်မာတဲ (Oberyn Martell) ရဲ့သေဆုံးမှုကို လက်စားချေဖို့မကြံလို့ ခံပြင်းနေတဲ့ဇနီးဖြစ်တဲ့ အယ်လာရီယာ (Ellaria Sand) တို့က အာဏာလုလိုက်ပါတယ်။

ပုန်ကန်ခံရပြီး ဓားဒဏ်ရာတွေနဲ့သေဆုံးသွားတဲ့ ဂျွန်စနိုးရဲ့အလောင်းကို ဆာဒေဗို့စ် (Sir Davos) က သိမ်းဆည်းထားပြီး မီလီဆန်ဒရီကို (Melisandre) အသက်ပြန်သွင်းခိုင်းပါတယ်

မြို့ရိုးမှာတော့ ပုန်ကန်ခံရပြီး ဓားဒဏ်ရာတွေနဲ့သေဆုံးသွားတဲ့ ဂျွန်စနိုးရဲ့အလောင်းကို ဆာဒေဗို့စ် (Sir Davos) က သိမ်းဆည်းထားပြီး မီလီဆန်ဒရီကို (Melisandre) အသက်ပြန်သွင်းခိုင်းပါတယ်။သူတို့ရဲ့အကြံအစည်အောင်မြင်သွားခဲ့ပြီး
ဂျွန်တစ်ယောက် အသက်ပြန်လာရှင်နိုင်ခဲ့ပါတယ်။ ပြန်ရှင်လာပြီးနောက်မှာတော့ သူ့ကိုလုပ်ကြံခဲ့တဲ့သူတွေကို ကိုယ်တိုင်ပြန်ကွပ်မျက်ပြီး ညစောင့်တပ်ကနေထွက်ခွာဖို့ ကြံစည်ပါတော့တယ်။ ဒီအချိန်မှာပဲ ဆန်ဆာက တံတိုင်းကိုရောက်ရှိလာပါတယ်။
ဒါဟာ Season (1) ကစပြီး ပထမဆုံးအကြိမ်အဖြစ် စတာ့ခ်တွေ တစ်ယောက်နဲ့တစ်ယောက် ပြန်လည်ဆုံစည်းခွင့်ရတာပါ။ ခြေဦးတည့်ရာလျှောက်သွားမယ်လုပ်နေတဲ့ဂျွန်ကို ဆန်ဆာက သူခေါ်သွင်းထားတဲ့ လူရိုင်းအုပ်တွေအသုံးချပြီး ဝင်းတားဖဲလ်ကို ပြန်သိမ်းဖို့ တိုက်တွန်းပါတယ်။ ဒီအချိန် ရမ်ဆေးဆီကလည်း ရစ်ကွန်စတာ့ခ် (Rikkon Stark) ကိုမိထားတယ် ဆန်ဆာကိုပြန်ပို့ပေး ဆိုတဲ့စာကိုလက်ခံရပြီးမှာတော့ ဂျွန်အတွက် ဝင်းတားဖဲလ်ကိုတိုက်ဖို့အတွက်ကလွဲလို့တခြားလမ်းမရှိတော့ပါဘူး။ ဝင်းတားဖဲလ်ကိုပြန်သိမ်းဖို့ လူရိုင်းတွေကတိုက်ပေးဖို့သဘောတူပေမဲ့ မြောက်ပိုင်းက တခြားအိမ်တော်တွေကို လိုက်စုဆောင်းတာတော့ သိပ်ပြီးအခြေမလှခဲ့ပါဘူး။ Vale ကိုအပိုင်ရထားပြီဖြစ်တဲ့ ပီတာဘေးလစ်ရှ်က စစ်ကူပေးဖို့ကမ်းလှမ်းပေမဲ့ ဆန်ဆာကငြင်းပယ်ခဲ့ပါတယ်။

မျက်စိမမြင်ဖြစ်သွားတဲ့ အာယာကိုယာဂင်ဟေဂါ (JargenH’ghar) ရဲ့တပည့် The Waif က တော်တော်လေးနှိပ်စက်ခဲ့ပါတယ်

မျက်စိမမြင်ဖြစ်သွားတဲ့ အာယာကိုယာဂင်ဟေဂါ (JargenH’ghar) ရဲ့တပည့် The Waif က တော်တော်လေးနှိပ်စက်ခဲ့ပါတယ်။ နောက်ဆုံးတော့ အာယာက သူ့ကိုယ်သူ အာယာစတာ့ခ်ဆိုတဲ့ဘဝကိုစွန့်ပစ်ပြီး “No one” လို့လက်ခံလိုက်တဲ့အတွက်ကြောင့်
အမြင်အာရုံပြန်ရသွားခဲ့တယ်။ ဒီအချိန်မှာThree eyed raven ဆီကိုရောက်သွားတဲ့ ဘရန်စတာ့ခ်ကတော့ Three eyed raven ရဲ့အကူအညီနဲ့အတူ အတိတ်ကမြင်ကွင်းတွေကို ပြန်တွေ့ခွင့်ရနေပါတယ်။ ပထမမြင်ကွင်းမှာတော့နဒ် (Ned) ရယ်လီယန်နာ (Lynna)ရယ် ဟိုးဒေါ်(Hodor) တို့ ကလေးဘဝမှာ အတူရှိနေတာကိုတွေ့ရတာပါ။ နောက်တစ်ခုမှာတော့ နဒ်တစ်ယောက် လီယန်နာကို ပြန်ကယ်ဆယ်နေတာဖြစ်ပြီးတော့
လီယန်နာက သေခါနီးဆဲဆဲမှာ ကလေးတစ်ယောက်ကို နဒ်လက်ထဲအပ်လိုက်တာကိုလည်း မြင်လိုက်ရပြီး ကလေးဟာဂျွန်ဖြစ်တယ်ဆိုတာ ဘရန်နားလည်သွားရပါတော့တယ်။

ဒနဲရိစ်ကတော့ ဒေါ့တ်ရာခီတွေကြားထဲကနေ မီးပုံထဲဝင်ပြပြီး အသာလေးလွတ်လာခဲ့လို့ ဒေါ့တ်ရာခီအားလုံးကိုပါ သိမ်းသွင်းလိုက်နိုင်ပါတယ်။ မြို့တော်ကိုပြန်ရောက်ပြီးနောက်မှာတော့ ဒါရီယို (Darrio) ကို ဘုရင်အဖြစ်ထားခဲ့ပြီး တိုင်ရီယွန်တို့နဲ့အတူ ယဉ်ပါးသွားတဲ့ နဂါးသုံးကောင်ခြံရံပြီး Westros ကို သင်္ဘောတွေနဲ့ ထွက်ခွာလာပါတော့တယ်။

နေပြည်တော်မှာ ဆာဆီက ရန်သူတွေအားလုံးကို လက်စားချေဖို့ ကြံစည်ပါတော့တယ်။သူ့အကြံအစည်က High Sparrow တို့မာဂျရီတိုင်ရဲတို့ စုစည်းနေတဲ့ ရင်ပြင်ကိုဖောက်ခွဲဖို့ပါ။ တိုမန်(Tommen) မရှိ ဆာဆီရောက်မလာတဲ့အဖြစ်ကို သဘောပေါက်သွားတဲ့မာဂျရီက အားလုံးကိုထွက်ခိုင်းပေမဲ့ နောက်ကျသွားပါတော့တယ်။ ဒါကြောင့်ဆာဆီက ရန်သူတွေအားလုံးကို တစ်နေရာထဲမှာပဲ စုပြီး ချေမှုန်းပစ်လိုက်တယ်ပြောရမှာပါ။ ဒီလုပ်ရပ်ကြောင့် အိုလီနာတိုင်ရဲ (Olenna Tyrell) က အယ်လာရီယန်းတို့နဲ့ ညှိနှိုင်းပြီး ဒနဲရိစ်နဲ့ပူးပေါင်းဖို့ သဘောတူခဲ့ပါတယ်။ တိုမန်လည်း စိတ်ဓာတ်ကျပြီး နန်းစင်ပေါ်ကနေ ခုန်ချပြီးသတ်သေသွားပါတယ်။ ဒါကြောင့်ဆာဆီဟာ Westros မှာ ဘုရင်မဖြစ်သွားပါတော့တယ်။

မြောက်ပိုင်းမှာတော့ ဝင်းတားဖဲလ်မှာ စစ်ပွဲဖြစ်ဖို့တာစူနေကြပါပြီ။ စစ်ပွဲမတိုက်ခင်မှာ ဆန်ဆာက ရမ်ဆေးရဲ့လှည့်ကွက်တွေအကြောင်းကို ဂျွန်ကိုသတိပေးခဲ့မဲ့ ဂျွန်ကနားမထောင်ခဲ့ပါဘူး။ ဒါကြောင့် တကယ်စစ်ပွဲစဖြစ်ကြတဲ့အချိန်မှာ ရစ်ကွန်ကို ဓားစာခံလုပ်ပြီးတိုက်တဲ့ ရမ်ဆေးရဲ့ထောင်ချောက်ထဲ ဂျွန်ဝင်သွားခဲ့ပြီး စစ်ပွဲထဲ အရေးနိမ့်မလိုဖြစ်ခဲ့ပါတယ်။ ဆန်ဆာက ပီတာဘေးလစ်ရှ်တို့တပ်ကို အကူအညီကြိုတောင်းခဲ့လို့သာ စစ်ပွဲကိုအနိုင်ရခဲ့တာပါ။ စစ်ပွဲနိုင်အပြီးမှာ ဆန်ဆာက ရမ်ဆေးကို သူ့ရဲ့အမဲလိုက်ခွေးတွေကိုပြန်ကျွေးလိုက်ပါတယ်။ ဂျွန်ကိုလည်း မြောက်ပိုင်းဘုရင်အဖြစ် ရွေးပြီးတင်မြှောက်လိုက်ကြတယ်။

Season (6) အပြီးမှာ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းလာတယ်ဆိုရမှာပါ

ဘရန်ကတော့ သူ့ရဲ့မြင်ကွင်းတွေကြည့်ရင်း Night King ကိုထိမိသွားတာကြောင့် White Walkers တွေ Three Eyed Raven ရှိရာကိုလိုက်လာပြီး ဟိုးဒေါ်လည်း အသက်ပေးခဲ့ရပြန်တယ်။ အာယာကတော့ နောက်ဆုံးမှာThe Waif ကိုပြန်သတ်နိုင်ခဲ့ပြီး
သူ့ကိုယ်သူ အာယာစတာ့ခ်ဖြစ်တယ် အိမ်ပြန်ပြီလို့ကြွေးကြော်ပြီး ယာဂင်ဟေဂါဆီက ထွက်လာခဲ့ပါတယ်။

ဒါကြောင့် Season (6) အပြီးမှာ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းလာတယ်ဆိုရမှာပါ။ ဂျွန်စနိုးဟာ တာဂေးရီးယန်းတစ်ယောက်ဖြစ်နေတာကို သေချာရုပ်လုံးပေါ်လာတဲ့အပြင် ဇာတ်လမ်းအစကတည်းက Westros ထီးနန်းကိုလုဖို့ ကြိုးစားလာတဲ့ဒနဲရိစ်လည်း
ပင်လယ်ပြင်ကို တကယ်ဖြတ်သန်းလာနိုင်ပြီဖြစ်လို့ ဇာတ်လမ်းအမြင့်ဆုံးအပိုင်းနားဆီ ရောက်လာပြီပဲဖြစ်ပါတယ်။

ဧပြီလ (၁၅) ရက်၊ မနက် (၇:၃၀) အချိန် HBO HD လိုင်းမှာစတင်ပြသသွားမယ့် Game of Thrones နောက်ဆုံး Season ကို Cookie TV App ကနေ အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top