2024 Olympic Games ဖွင့်ပွဲအခမ်းအနားကျင်းပဖို့ တစ်ပတ်မတိုင်ခင်မှာ အိုလံပစ်မီးရှူးတိုင်က ပြင်သစ်နိုင်ငံရဲ့မြို့တော်ကို ရောက်ရှိနေပါပြီ။ အခုနှစ်ရဲ့အိုလံပစ်ပြိုင်ပွဲမှာ အိုလံပစ်မီးရှူးတိုင်ကို သယ်ဆောင်ဖို့ တာဝန်ကျတဲ့သူတွေက ၁၀၀၀၀ ရှိပါတယ်။ လက်ရှိအချိန်အထိ အိုလံပစ်မီးရှူးတိုင်သယ်ဆောင်လာသူတွေထဲကမှ နာမည်ကြီးတွေကို မျှဝေပေးပါရစေ။ ဘယ်သူတွေလဲဆိုတာ တချက်ကြည့်လိုက်ရအောင်နော်
Charles Leclerc
အသက် ၂၆ နှစ်အရွယ် Formula One ကားမောင်းသမားဖြစ်တဲ့ Charles Leclerc က အိုလံပစ်မီးရှူးတိုင်ကို သယ်ဆောင်လာပေးသယ်ကိုင်ဆောင်ပေးရတဲ့ ဒုတိယမြောက် F1 မောင်းသမားဖြစ်ပါတယ်။ F1 မောင်းသမားဖြစ်တဲ့ Lewis Hamilton ကတော့ 2012 Olympic Games မှာ မီးရှူးတိုင်သယ်ဆောင်ပေးခဲ့တာပါ။

Halle Berry
အကယ်ဒမီဆုရှင်အမေရိကန်မင်းသမီး ဟေလီ ဘယ်ရီကလည်း အခုနှစ် မီးရှူးတိုင်သယ်ဆောင်သူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ဇွန် ၁၈ ရက်နေ့က the Cannes Lions International Festival of Creativity 2024 အတွင်း ရှေ့ဆုံးကနေ မီးရှူးတိုင်သယ်ဆောင်လာခဲ့တာပါ။

BTS အဖွဲ့ဝင် Jin
စစ်မှုထမ်းပြီးဆုံးတာ မကြာသေးတဲ့ BTS အဖွဲ့ဝင် Jin ကလည်း ဇူလိုင်လ ၁၄ ရက်နေ့က မီးရှူးတိုင်သယ်ဆောင်ခဲ့ပါတယ်။

Wang Yibo
တရုတ်မင်းသားချော Wang Yibo ဟာလည်း တရုတ်ကိုယ်စားပြုအနေနဲ့ မီးရှူးတိုင်သယ်ဆောင်လာပေးရတဲ့သူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ်တုန်းက Beijing Winter Olympics မှာ နှင်းရေခဲအားကစားအတွက် သံတမန်ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကိုယ်စားပြုအနေနဲ့ Wang Yibo အပြင် နာမည်ကြီးသရုပ်ဆောင်မင်းသမီးတွေဖြစ်တဲ့ Yangzi နဲ့ Zhao Lusi တို့ကလည်း မီးရှူးတိုင်သယ်ဆောင်ခဲ့ပါသေးတယ်။


Ref: The most famous torchbearers at the 2024 Paris Olympics
WL (ရိုးရာလေး)