သူ့ကို အယ်လ်ဇိုင်းမားရောဂါသည်ဖခင် အမြဲအမှတ်ရနေစေဖို့ တက်တူးထိုးထားတဲ့ ကောင်မလေး

10.8.23-yyl-6.jpg

အစ်ဇဘယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ တဖြည်းဖြည်းမှတ်ဉာဏ်ဆုံးရှုံးသွားမယ့် အယ်လ်ဇိုင်းမားရောဂါကို သူ့ဖခင်ဖြစ်သူ ခံစားနေရတဲ့အတွက် သူ့ကို မေ့မသွားဖို့အတွက် တက်တူးထိုးဖြစ်ခဲ့ပါတယ်။ သူ့ကိုရော သူတို့ရဲ့အမှတ်တရတွေကိုပါ သူ့အဖေ အမြဲအမှတ်ရစေဖို့ လှိုင်းနှစ်ခုနဲ့ နံပါတ် 52 ပါတဲ့ တက်တူးထိုးခဲ့တာပါ။

သူ့အဖေကို တက်တူးပြတဲ့ဗီဒီယိုကို အစ်ဇဘယ်က TikTok မှာ တင်ခဲ့ပြီး မြန်မြန်ဆန်ဆန်ပဲ ကြည့်ရှုသူ ၁၈ သန်းကျော်သွားခဲ့ပါတယ်။ ဗီဒီယိုမှာ “ဒါက အဖေရဲ့မွေးတဲ့နှစ်နဲ့ လှိုင်းနှစ်ခု၊ တစ်ခုက သမီး၊ တစ်ခုက အဖေလေ။ ဘယ်တော့မှ မှေးမိန်မသွားဘဲ အဖေ အမြဲသတိရနေစေဖို့အတွက် ဒါကို သမီးရဲ့လက်မောင်းမှာ ထိုးခဲ့တယ်။ သမီးကို အဖေ မြင်တိုင်း ဒါက အဖေကို အမြဲအမှတ်ရအောင် လုပ်နေမှာပါ။ အဖေ မွေးခဲ့တဲ့နှစ်နဲ့ သမီးနဲ့အမှတ်တရာတွေကိုပေါ့ “လို့ သူ့အဖေကို ပြောပြနေတာတွေ့ရပါတယ်။

သူ့အဖေက တက်တူးအကြောင်း အစ်ဇဘယ်ပြောတာ ကြားပြီးနောက် မျက်ရည်ဝဲပြီးတော့ သမီးဖြစ်သူကို ပွေ့ဖက်ကာ “အရမ်းချစ်တယ်”တဲ့။ TikTok ပေါ်က မှတ်ချက်ပေးသူတွေဟာ သူတတ်နိုင်တဲ့နည်းနဲ့ သူ့အဖေအတွက် အခုလိုတက်တူးထိုးပေးခဲ့အတွက် အစ်ဇဘယ်ကို ချီးကျူးခဲ့ကြပါတယ်။

ဗီဒီယိုကြည့်ရှုရန်

Ref: Woman gets tattoo so dad with Alzheimer’s can always remember her

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top