ChatGPT နဲ့ ဖန်တီးထားတဲ့ ငွေလွှဲပြေစာအတု အန္တရာယ်ကို သတိထားကြဖို့ လိုလာပါပြီ။ ဘာကြောင့်လဲဆိုတော့ အစစ်နဲ့ ခွဲမရအောင် တူပြီး ငွေလွှဲပြေစာ နောက်ခံရေစာ (Watermark)ကိုပါ ထည့်သွင်းနိုင်တဲ့အထိ တုပထားတာကြောင့်ပါပဲ။
အဲဒီအတွက် ကိုယ့်ထံကို ငွေလွှဲပြေစာ ရောက်လာတဲ့အခါ ငွေလွှဲပြေစာ ကြည့်ရုံနဲ့ ငွေဝင်ပြီ၊ တစ်ဖက်ကတော့ ငွေလွှဲထားတာပဲလို့ မပေါ့ဆကြဖို့၊ ကိုယ့်ဘဏ်အကောင့်မှာ ငွေဝင်၊ မဝင်၊ ငွေပမာဏ တိုးလာခြင်း ရှိ၊ မရှိ သေချာစစ်ဆေးပြီးမှသာ ငွေဝင်ကြောင်း အတည်ပြုဖို့ နည်းပညာ ကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။
Ref: The Nation Thailand
NZ ( ရိုးရာလေး)