တောင်အမေရိက မျိုးရင်းလို့ ယူဆကြတဲ့ ခရမ်းချဉ်သီးဟာ ၁၅၄၈ ခုနှစ်ကတည်းက ဥရောပကို စတင်ရောက်ရှိခဲ့ပေမဲ့ ဥရောပမြောက်ပိုင်း ဒေသတွေမှာတော့ ၁၇ ရာစုနှောင်းပိုင်း၊ ၁၈ ရာစု အစောပိုင်းအထိ ခရမ်းချဉ်သီးကို စားပွဲဝိုင်းအလှဖန်တီးဖို့ပဲ အသုံးပြုပြီး မစားရဲကြပါဘူး။
ခရမ်းချဉ်သီးမှာ အက်ဆစ်ဓာတ်အများအပြား ပါဝင်ပြီး ပန်းကန်ပြားရဲ့ ခဲတွေကို အရည်ပျော်စေလို့ ခဲဆိပ်သင့်ပြီး လူတွေ သေဆုံးစေတာကြောင့်ပါပဲ။ အဲဒီအချိန်တုန်းက ဒီအချက်ကို သိပ္ပံနည်းကျ ဖြေရှင်းမှုလည်း မလုပ်နိုင်ခဲ့လို့ ခရမ်းချဉ်သီးကို မစားရဲကြဘဲ ” အဆိပ်ပန်းသီး” လို့တောင် ခေါ်ကြပါတယ်။
သစ်သားပန်းကန်ပဲ သုံးနိုင်ကြတဲ့ ဆင်းရဲသားအိမ်ထောင်စုတွေကတော့ ခရမ်းချဉ်သီးစားတဲ့အခါ အဆိပ်သင့်တာတွေ မကြုံရပါဘူး။ လူချမ်းသာတွေ လက်ရှောင်ကြလို့ ဈေးပေါတဲ့ ခရမ်းချဉ်သီးဟာ အီတလီနိုင်ငံက ဆင်းရဲသားတွေကြားမှာတော့ လူကြိုက်များတဲ့ စားစရာတစ်ခု ဖြစ်ခဲ့ပါတယ်။
Ref: The Strange History of Tomatoes
NZ (ရိုးရာလေး)