ရေတွင်းထဲပြုတ်ကျပြီး ၁၆ နာရီကြာ ပိတ်မိနေတဲ့ မြန်မာကလေးငယ်ကို ထိုင်းကယ်ဆယ်ရေးသမားတွေ ကယ်တင်

7.2.2023-yyl-image-9.jpg

ထိုင်း – မြန်မာ နယ်စပ်မှာ ၄၂ ပေအနက်ရှိ ရေတွင်းထဲ ပြုတ်ကျသွားတဲ့ မြန်မာကလေးငယ်ကို ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေက ညလုံးပေါက် တူးဖော်ပြီး ကယ်တင်နိုင်ခဲ့ပါတယ်။ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးရဲ့ ရင်သွေးဖြစ်တဲ့ ၁၉ လသမီးအရွယ် မိန်းကလေးငယ်ဟာ တနင်္လာနေ့ မွန်းလွဲပိုင်းက ကစားနေရင်း အချင်းတစ်ပေပဲ ရှိတဲ့ ရေတွင်းထဲကို ပြုတ်ကျသွားခဲ့တာပါ။

ကလေးငယ်က ရေတွင်းထဲမှာ ၁၆ နာရီကြာ ပိတ်မိခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက ကင်မရာကို ရေတွင်းထဲ ချကြည့်ချိန်မှာ ကလေးငိုနေတာကို တွေ့ခဲ့ရပါတယ်။ ကလေးငယ်ကို ကယ်တင်ဖို့ လူ ၁၀၀ ကျော် ပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ညလုံးပေါက် တူးဖော်ခဲ့ကြပြီး ကလေး အသက်ရှူနိုင်အောင် ရေတွင်းထဲကို အောက်ဆီဂျင် လွှတ်ပေးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့နံနက် ဒေသစံတော်ချိန် ၉ နာရီခွဲမှာ ကယ်ဆယ်ရေးသမားတွေက ကလေးဆီ ရောက်သွားခဲ့ပြီး နောက်တစ်နာရီအကြာမှာ ကလေးကို ကယ်ထုတ်လာနိုင်ခဲ့တာပါ။ ကလေးငယ်ကို ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဖို့ ဆေးရုံတင်ပို့ထားပါတယ်။ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ တာ့ခ်ခရိုင်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။

Ref: Thai rescuers dig through the night to reach baby girl trapped down well

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top