2021 Super Bowl Halftime Showအတွက် ကိုယ်ပိုင်ငွေ ၇ သန်းသုံးထားတယ်ဆိုတဲ့ The Weeknd

29-1-2021-yyl-20.jpg

ဂီတဆုပေးပွဲတွေမှာလည်း ဆုများစွာရရှိထားတဲ့ အဆိုတော် The Weeknd ကတော့ ၂၀၂၁ခုနှစ်ရဲ့ Super Bowl Halftime Show ပွဲမှာ ဖျော်ဖြေတင်ဆက်မှာဖြစ်တဲ့အပြင်အဲဒီပွဲအတွက်လည်း သူ့ရဲ့ကိုယ်ပိုင်ငွေ အမေရိကန်ဒေါ်လာ (၇) သန်းကို အကုန်အကျခံထားတယ်လို့ ဆိုပါတယ်။ 2021 Super Bowl Halftime Show မှာ အနုပညာရှင်များစွာ ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်။

The Weeknd ကတော့ သူ့ဖျော်ဖြေတင်ဆက်မှုကို ပိုမိုထူးခြားသွားစေဖို့အတွက် ကိုယ်ပိုင်ငွေ ၇ သန်းကို သုံးခဲ့တာဖြစ်ပါတယ်။ Billboard နဲ့ အင်တာဗျူးအစီအစဉ်မှာ အသက် ၃၀ ရှိပြီးဖြစ်တဲ့ The Weeknd က Super Bowl ဟာ ရှိုးပွဲရဲ့ထုတ်လုပ်ရေးကုန်ကျစရိတ်အားလုံးကို တတ်နိုင်ပေမဲ့ သူကတော့ သူ့ရဲ့ဖျော်ဖြေတင်ဆက်မှုကို နှစ်ဆလောက် တမူထူးခြားချင်တယ်လို့ ပြောပါတယ်။

“အိမ်ကနေ ကြည့်မယ်သူတွေကို အဓိကထားပြီး စီစဉ်နေခဲ့တာပါ။ ဖျော်ဖြေတင်ဆက်မှုတွေကို ရုပ်ရှင်ကြည့်နေရသလိုအတွေ့အကြုံမျိုးဖြစ်စေချင်တယ်။ အဲဒါကို Super Bowl နဲ့အတူ လုပ်ချင်တာပါ”လို့ The Weeknd က ပြောပါတယ်။ The Weeknd က ကပ်ရောဂါကြောင့် စည်းမျဉ်းကန့်သတ်ချက်တွေ ဖြေလျော့သွားမယ်ဆိုရင် Tour လုပ်ဖို့ စီစဉ်ထားတာပါ။

The Weeknd က အခုနှစ် Super Bowl Show မှာ ပါဝင်ခွင့်ရမှာဖြစ်တဲ့အတွက် ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။ သူ့ရဲ့နောက်ဆုံးထွက် အယ်လ်ဘမ်ကလည်း ဂရမ်မီဆုပေးပွဲရဲ့ဆန်ကာတင်စာရင်းမှာပါဝင်ထားပါတယ်။ ၂၀၂၁ခုနှစ်မှာ The Weeknd က ကြီးမားတဲ့အောင်မြင်မှုမှတ်ကျောက်တင်ဦးမှာဖြစ်ပါတယ်။

2021 Super Bowl Halftime Show ကို ဖေဖော်ဝါရီလ ၇ ရက်နေ့ Raymond James အားကစားကွင်းမှာ ပွဲကြည့်ပရိသတ်အကန့်အသတ်နဲ့ တင်ဆက်သွားမှာဖြစ်ပါတယ်။ ပရိသတ်သန်းပေါင်းများစွာကတော့ အိမ်ကနေ ကြည့်ရှုရမှာဖြစ်ပါတယ်။

Ref: Eonline “The Weeknd Reveals He Spent $7 Million of His Own Money on 2021 Super Bowl Halftime Show”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top