စဖွင့်ပြီး ၃ နှစ်အကြာမှာ ပိတ်သိမ်းတော့မယ့် ကမ္ဘာ့အလှဆုံးစာအုပ်ဆိုင်

16.9.2024-yyl-1.jpg

တရုတ်နိုင်ငံက ကမ္ဘာ့အလှဆုံးစာအုပ်ဆိုင်အဖြစ် မကြာခဏခေါ်ဝေါ်လေ့ရှိတဲ့ စာအုပ်ဆိုင်ဟာ စဖွင့်ပြီး ၃ နှစ်အကြာ အောက်တိုဘာ ၈ ရက်နေ့မှာ ပိတ်သိမ်းသွားတော့မှာဖြစ်ပါတယ်။

စာအုပ်ဆိုင်ရဲ့ဗိသုကာဒီဇိုင်းတွေနဲ့ စာအုပ်ပေါင်း ၁၃၀၀၀ တို့နဲ့ နာမည်ကြီးတဲ့ Tsutaya စာအုပ်ဆိုင်ကို ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က တရုတ်နိုင်ငံ၊ ရှီးအန်းမြို့မှာဖွင့်လှစ်ခဲ့တာပါ။ ဒီစာအုပ်ဆိုင်ကို Ikg Inc ဗိသုကာဒီဇိုင်းကုမ္ပဏီရဲ့ တိုမိုကို အီခီဂိုင်က ဒီဇိုင်းထုတ်ထားတဲ့ ဒီနှစ်ထပ်အဆောက်အဦးက စတုန်းရန်းမီတာ ၄၅၀၀ ကျယ်ဝန်းကာ အရစ်ခွေပုံစံလျှောက်လမ်းအပြင် မျက်နှာကျက်အထိရောက်တဲ့ ၁၀ မီတာမြင့်တဲ့ စာအုပ်စင်တွေပါရှိပါတယ်။

ဂျပန်ပိုင်စီးပွားရေးလုပ်ငန်းဟာ တရုတ်နိုင်ငံရှိ ဘေဂျင်း၊ ဟန်ကျိုး၊ တီယန်ကျင်းနဲ့ ချန်ဒူးလို မြို့ကြီးတွေမှာ ဆိုင်ခွဲတွေနဲ့အတူ ရှိနေတုန်းပါပဲ။ ရှီးအန်းမြို့က ဆိုင် ပိတ်သိမ်းမယ်ဆိုတဲ့သတင်းက အံ့အားသင့်စရာဖြစ်ခဲ့တယ်လို့ Tsutaya Bookstore က ဝန်ထမ်းတစ်ယောက်ဟာပြောပါတယ်။ “နှစ်ရှည်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ ဒီလုပ်ငန်း ကောင်းကောင်းလုပ်နိုင်မယ်လို့ ကျွန်တော်တို့ထင်ခဲ့တာ”လို့ သူက ဆိုပါတယ်။

ဝန်ထမ်းတွေက ဝမ်းနည်းနေပေမဲ့ စာဖတ်ပရိသတ်တွေကို နှစ်သိမ့်ဖို့ “ဝမ်းမနည်းပါနဲ့၊ စာဆက်ဖတ်ပါ”ဆိုတဲ့စာသားတွေနဲ့ ဆိုင်းဘုတ်တွေကို ရိုက်နှိပ်ထားပါတယ်။ စာအုပ်ဆိုင်ပိတ်သိမ်းမယ့်သတင်းကို ကြားပြီးကတည်းက စာဖတ်ပရိသတ်တွေက မပိတ်သိမ်းခင် နှုတ်ဆက်ဖို့ စာအုပ်ဆိုင်ကို လာလာနေကြပါတယ်။

Ref: The World’s Most Beautiful Bookstore To Close Down After Only 3 Years

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top