ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံရေးဆိုင်ရာ အဆိုးရွားဆုံးလူသတ်မှုအတွက် တရားရုံးအမိန့်ချမှတ်

yyl-009-11.jpg

ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံရေးဆိုင်ရာ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် လူသတ်မှုအတွက် နောက်ကွယ်ကနေ ကြိုးကိုင်သူတွေကို ဖိလစ်ပိုင်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ တည်ငြိမ်မှု ကင်းမဲ့တဲ့ မာဂွင်ဒါနာအိုပြည်နယ်ကို အမ်ပါတူအန်မိသားစုက နှစ်ရှည်လများ အုပ်ချုပ်ခဲ့ကြပြီး နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ရာထူးအားလုံးနီးပါးကို လက်ဝါးကြီးအုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်နယ်အစိုးရဝန်ကြီး ရွေးကောက်ပွဲမှာတော့ နာမည်ကျော်ကြားတဲ့ အခြားဂိုဏ်းတစ်ခုကနေ ပြိုင်ဘက်တစ်ယောက် ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီပြိုင်ဘက်က မန်ဂါဒါဒါတူလို့ အမည်ရပါတယ်။

၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်မှာ ရွေးကောက်ပွဲအတွက် စာရင်းပေးသွင်းဖို့ မန်ဂူဒါဒါတူရဲ့ဇနီး၊ ညီမတွေနဲ့ ဆွေမျိုးသားချင်း အမျိုးသမီးတွေက ယာဉ်တန်းတစ်ခုနဲ့ ထွက်ခွာလာခဲ့ကြပါတယ်။ အဲဒီပွဲကို သတင်းယူပြီး ဓာတ်ပုံရိုက်ဖို့ ဂျာနယ်လစ်နဲ့ မီဒီယာသမား ၃၂ ယောက်လည်း အဲဒီယာဉ်တန်းနဲ့အတူ လိုက်ပါခဲ့ကြပါတယ်။ လူ ၅၈ ယောက်ပါတဲ့ အဲဒီယာဉ်တန်းကို လက်မရွံ့တွေက ပြန်ပေးဆွဲပြီး တောင်ကုန်းတစ်ခုပေါ်မှာ ပစ်သတ်ခဲ့ပါတယ်။ အဲဒီလက်မရွံ့တွေကို အမ်ပါတူအန်ဂိုဏ်းက စေလွှတ်ခဲ့တာလို့ စွပ်စွဲခဲ့ကြပါတယ်။

”ကျွန်တော့်မိန်းမက သေနတ်နဲ့ ၁၇ ချက်ပစ်ခံခဲ့ရပါတယ်။ ရင်သားတွေနဲ့ လိင်အင်္ဂါကို သေနတ်နဲ့ ပစ်ခဲ့တယ်။ ဒီဖြစ်ရပ်ကို ကျွန်တော့် မေ့မရနိုင်ပါဘူး”လို့ မန်ဂူဒါဒါတူက ပြောပါတယ်။ မန်ဂူဒါဒါတူဟာ မာဂွင်ဒါနာအိုပြည်နယ် အစိုးရဝန်ကြီးအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်အတွက် အမ်ပါတူအန်မိသားစုရဲ့ ညီအစ်ကိုနှစ်ယောက်အပါအဝင် ဂိုဏ်းသား ၅ ယောက်ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ခိုင်းစေလို့ လုပ်ခဲ့ရဖွယ်ရှိတဲ့ လက်မရွံ့တွေကို ထောင်ဒဏ် ၆ နှစ်ကနေ ၁၀ နှစ်ကြား ချမှတ်ခဲ့ပါတယ်။ အမ်ပါတူအန်မိသားစုကတော့ စွဲချက်အားလုံးကို ငြင်းဆန်ခဲ့ပြီး တရားရုံးရဲ့ စီရင်ချက်ကို အယူခံဝင်မယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top