ပီလီရဲ့တစ်သင်းတည်းသွင်းဂိုးစံချိန်ကို မက်ဆီ ချိုးဖျက်

22-12-2020-yyl29.jpg

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ ဘရာဇီးဂန္ထဝင် ကစားသမားဟောင်း ပီလီရဲ့ တစ်သင်းတည်းသွင်းဂိုးစံချိန်ကို ချိုးပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ပီလီဟာ ၁၉၅၆ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်အထိ ၁၈ နှစ်ကြာကာလအတွင်း ဘရာဇီးကလပ် ဆန်းတို့စ်အတွက် ၆၄၃ ဂိုးသွင်းယူပြီး စံချိန်တင်ခဲ့တာပါ။

ဗယ်လာဒိုးလစ်ကို ၃ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းနိုင်ခဲ့တဲ့ မက်ဆီဟာ ဘာစီလိုနာကစားသမားဘဝမှာ ၆၄၄ ဂိုးအထိ ရှိလာခဲ့ပါပြီ။ ၂၀၀၄ ခုနှစ်က ဘာစီလိုနာအတွက် စတင်ပါဝင်ခွင့်ရခဲ့တဲ့ မက်ဆီက ဘာစီလိုနာကစားသမားဘဝ ၁၇ ရာသီမြောက်မှာ ပီလီရဲ့စံချိန်ကိုချိုးပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။

Ref: Dailymail ” Lionel Messi sets ANOTHER record as he passes Pele’s one-club goal-scoring tally with his 644th strike for Barcelona in their 3-0 LaLiga rout of Real Valladolid “

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top