အန္တရာယ်ရှိ လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်နေတဲ့ ကလေးလုပ်သား (၆) သိန်းကျော်ရှိ

15-6-2020-yyl-011.jpg

မြန်မာနိုင်ငံမှာရှိတဲ့ ကလေးအလုပ်သမား (၆) သိန်းကျော်က အန္တရာယ်ရှိ လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်နေကြတာဖြစ်တယ်လို့ UNICEF Myanmar မှသိရပါတယ်။

မြန်မာနိုင်ငံမှာ အသက် (၅) နှစ်မှ (၁၇) နှစ် အရွယ် ကလေးအလုပ်သမား ၉ ဒသမ ၃ ရာခိုင်နှုန်းရှိတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

မြန်မာနိုင်ငံရဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ နဲ့ လက်ရှိ အလုပ်သမားဥပဒေပြဌာန်းချက်တွေအရ အလုပ်လုပ်နိုင်တဲ့ အနိမ့်ဆုံး အသက်အရွယ်မှာ အသက် (၁၄) နှစ် ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ပြဋ္ဌာန်းချက်တစ်ခုဖြစ်တဲ့ ကလေးအလုပ်သမားများ အမြစ်ပြတ်ပပျောက်ရေးအတွက် သဘောတူလက်မှတ်ရေးထိုးထားပါတယ်။

တစ်ကမ္ဘာလုံးမှာ ကလေးအလုပ်သမား (၁၅၃) သန်းရှိတယ်လို့ ILO နဲ့ UNICEF တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Cherry ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top