ပြိုင်ဘက်တွေ ကန်တာခံရပေမဲ့ ခြေစွမ်းပြနိုင်ခဲ့လို့ ဝမ်းသာနေတဲ့ ဟာဇက်

15-6-2020-yyl-010.jpg

အီဘာကို အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင် ဟာဇက်ကို ရီးရဲလ်နည်းပြ ဇီဒန်းက ချီးကျူးသွားခဲ့ပါတယ်။ အယ်ဖရက်ဒိုဒီစတီဖာနိုဘောလုံးကွင်းက ပွဲစဉ်မှာ ဟာဇက်က ရီးရဲလ်အသင်း ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်လာခဲ့ပြီး ၆၁ မိနစ်ကြာ ကစားခဲ့ပါတယ်။ ဒီပွဲမှာ ရာမို့စ်သွင်းယူခဲ့တဲ့ ဒုတိယဂိုးကို ဟာဇက်က ဖန်တီးပေးခဲ့သလို မာဆယ်လိုသွင်းယူတဲ့ တတိယဂိုးအတွက်လည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ပြိုင်ဘက် ကစားသမားတွေက သူ့ကို ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ပြီး ထိခိုက်မှုရှိခဲ့တာတောင် ဟာဇက်က ဝမ်းသာခဲ့တယ်လို့ ဇီဒန်းက ဆိုပါတယ်။

” ဟာဇက်က တစ်ပွဲလုံးကစားနိုင်မယ့် ဟန်ချက်မျိုးမရှိသေးပါဘူး။ ဒါပေမဲ့ သူ တစ်နာရီလောက် ခြေစွမ်းပြ ကစားနိုင်ခဲ့တယ်။ ပြိုင်ဘက်တွေက ဝိုင်းကန်လို့ သူ ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမဲ့ ဒါက ဘောလုံးပွဲပါပဲ။ ပထမပိုင်းအပြီးမှာ အေးဆေးပဲလို့ သူ ပြောတယ်။ သူ အကန်ခံရပေမဲ့ ဝမ်းသာတယ်၊ မကြောက်ဘူးတဲ့။ သူလုပ်ပြနိုင်ခဲ့တာတွေအတွက် ဟာဇက် ပျော်နေပါတယ်။ ကျွန်တော်တို့လည်း ပျော်ပါတယ်”လို့ ဇီဒန်းက ပြောပါတယ်။ အခုနိုင်ပွဲကြောင့် ရီးရဲလ်အသင်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းကို ၂ မှတ်အကွာကနေ ဖိအားပေးနိုင်ခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top