Youtube မှာ Live ပြခွင့်ပေးရင် တစ်ည မြန်မာငွေ ၃၀၀၀ နဲ့ တည်းခိုခွင့်ရမယ့် ဂျပန်ဟိုတယ်

hotel.png

ဂျပန်နိုင်ငံ ဖူကူအိုကာမြို့မှ ဟိုတယ်တစ်ခုဟာ တစ်ည တည်းခိုစရိတ် ယန်း ၁၀၀ ( မြန်မာငွေ ၃၀၀၀ ‌ကျော်) ဝန်းကျင်နဲ့ တည်းခိုခွင့်ပေးပြီး တည်းခိုသူတွေရဲ့ အခန်းတွင်း လှုပ်ရှားမှု ရုပ်သံမှတ်တမ်းကို YouTube မှာ ပြသခွင့် သဘောတူညီမှုတောင်းတဲ့အချက်ကြောင့် လူသိများလာခဲ့ပါတယ်။

ဟိုတယ်အခန်းတွင်းမှာ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ထားပေမဲ့ ရေချိုးခန်း/အိမ်သာမှာတော့ ကင်မရာ မရှိပါဘူး။ အသံဖမ်းယူထားတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။ ဧည့်သည်တွေအနေနဲ့ မိမိတို့ စိတ်ကြိုက် မီးအပိတ်အဖွင့် လုပ်ခွင့်ရှိပြီး မဖွယ်မရာ အပြုအမူတွေတော့ မလုပ်ရဘူးလို့ တားမြစ်ထားပါတယ်။

Tetsuya Inoue ဟိုတယ်ရဲ့ စိတ်ကူးကတော့ အခန်းခကို အဓိကမထားဘဲ Youtube ကနေ အဓိကဝင်ငွေ ရှာဖွေဖို့ ဖြစ်ပါတယ်။ သူတို့ရဲ့ စိတ်ကူးက အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့ပြီး ဈေးသက်သက်သာသာ တည်းခိုချင်ပြီး အင်တာနက်ပေါ်မှာ ထင်ပေါ်ကျော်ကြားချင်သူတွေက ဒီဟိုတယ်ကို လာတည်းလေ့ရှိပါတယ်။

တည်းခိုသူမရှိလို့ အခန်းလွတ်တွေ ဖြစ်နေချိန်မှာတော့ ဟိုတယ်အခန်းတွင်းမှ ရယ်စရာစာသားတွေ၊ ဟိုတယ်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေအကြောင်း YouTube မှာ ပြသလေ့ရှိပါတယ်။ ဈေးသက်သာချင်တာနဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံခွင့်ကို အလဲအလှယ် လုပ်ကြမလို့လားဆိုတဲ့ မေးခွန်းထုတ်မှုကတော့ ဒီဟိုတယ်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့လျက် ရှိပါတယ်။

Ref: This Japanese hotel room costs $1 a night. The catch? You have to livestream your stay

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top