နျူကလီးယား စမ်းသပ်တဲ့နေရာ ပိတ်သိမ်းချိန်မှာ ကျွမ်းကျင်သူတွေနဲ့ ဂျာနယ်လစ်ကို ဖိတ်ခေါ်မယ့် မြောက်ကိုရီးယား

180524200539-01-north-korea-test-site-demolition-exlarge-169.jpg

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ နျူကလီးယား စမ်းသပ်တဲ့နေရာကို မေလမှာ ပိတ်သိမ်းချိန်အတွင်း အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတို့က ကျွမ်းကျင်သူတွေနဲ့ ဂျာနယ်လစ်တွေကို ဖိတ်ခေါ်ဖို့ စီစဉ်နေကြောင်း တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်နဲ့ မတွေဆုံမီမှာ နျူကလီယားလက်နက် အားလုံးဖျက်သိမ်းဖို့ ဖိအားပေးထားမှုတွေ ရှိနေပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်နဲ့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်တို့ ဆယ်စုနှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ထိပ်သီးအစည်းဝေး ပြုလုပ်ချိန်အတွင်း ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား အလုံးစုံကင်းစင်ရေးအတွက် ကတိပြုခဲ့ပါတယ်။ မြောက်ကိုရီးယား မီဒီယာတွေက ထိပ်သီးအစည်းဝေး မတိုင်ခင်တည်းက မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားနဲ့ ဒုံးကျည် စမ်းသပ်တာတွေကို ဆိုင်းငံထားခဲ့တဲ့အပြင် နျူကလီးယား စမ်းသပ်တဲ့နေရာကို စွန့်ပစ်ထားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ နျူကလီယား စမ်းသပ်တဲ့ အဆောက်ဦး ဖျက်သိမ်းဖျက်သိမ်းမှုကို နိုင်ငံတကာအဖွဲ့အစည်းတွေ သိစေဖို့ ကျွမ်းကျငသူတွေနဲ့ ဂျာနယ်လစ်တွေကိုမကြာမီ ဖိတ်ခေါ်မယ်လို့ တောင်ကိုရီးယား အစိုးရအဖွဲ့ ရုံးက ပြောခဲ့ပါတယ်။ တောင်ကိုရီးယား သမ္မတမွန်ဂျေအင်ရဲ့ ပြန်ကြားရေးဝန်ကြီး ယွန်ယမ်ချမ်က မြောက်ကိုရီးယားခေါင်းဆောင်နဲ့ အမေရိကန်သမ္မတတို့ တွေဆုံမယ့် အစည်းဝေးအတွင်း အပြန်လှန်ယုံကြည်မှု တည်ဆောက်နိုင်မယ်ဆိုရင် နျူကလီးယားလက်နက်ကို ပိုင်ဆိုင်ဖို့နဲ့ ခက်ခဲတဲ့အရာတွေ တွေကြုံ ခံစားစရာအကြောင်းမရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်ပွဲတွေကို အဆုံးသတ်ဖို့ နဲ့ ကျူးကျော်ရန်စတာတွေ မရှိတော့ဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင်ကက တိပြုခဲ့ကြောင်း တောင်ကိုရီးယား အစိုးရတာဝန်ရှိသူကပြောခဲ့ပါတယ်။ဒါ့အပြင် မြောက်ကိုရီးယားခေါင်းဆောင်က သူဟာ ပစိဖိတ်ဒေသမှာ တောင်ကိုရီးယား ဒါမှမဟုတ် အမေရိကန်ကို နျူကလီးယားလက်နက် သုံးတိုက်ခိုက်မယ့် လူစားမျိုး မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Ref: North Korea blows up tunnels at Punggye-ri nuclear test site

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top