ပန်းသီးတစ်လုံး အလေးချိန်နဲ့ မွေးဖွားလာတဲ့ ကလေးငယ် ဆေးရုံမှ ပြန်ဆင်းပြီ

61593106_2403436313020608_75276530292359168_n.jpg

လမစေ့ဘဲ မွေးဖွားလာပြီး အသက်ရှင်ခဲ့တဲ့ ကလေးတွေထဲမှာ အသေးဆုံးကလေးအဖြစ် သတ်မှတ်ခံထားရတဲ့ ကလေးငယ်ဟာ (၆) လအကြာမှာတော့ ဆေးရုံက ပြန်ဆင်းနိုင်ခဲ့ပါပြီ။ ဘေဘီဆေးဘီကို ကိုယ်ဝန်ဆောင်ချိန် (၂၃) ပတ်၊ (၃) ရက်အကြာမှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးကင်းစအရွယ်မှာ ခန္ဓာကိုယ်အလေးချိန် (၈) ဒသမ (၆) အောင်စပဲရှိပါတယ်။ ဒါဟာ ပန်းသီးခပ်ကြီးကြီးတစ်လုံးရဲ့ အလေးချိန်လောက်ပဲ ရှိပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ မွေးဖွားခဲ့တဲ့ ဆေးဘီကို ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့က Sharp Mary Birch ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ကလေးငယ် ဆေးဘီကို ဆရာဝန်တွေက နာရီပိုင်းလောက်ပဲ အသက်ရှင်လိမ့်မယ်လို့ ခန့်အပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူဟာ ကျန်းမာရေးကောင်းမွန်လာခဲ့ပြီး ဆေးရုံက ပြန်ဆင်းချိန်မှာ ခန္ဓာကိုယ်အလေးချိန် (၅) ဒသမ (၆) ပေါင်အထိ ရှိနေပါပြီ။ ဆေးဘီမတိုင်ခင် ကမ္ဘာ့အသေးဆုံး ကလေးအဖြစ် စံချိန်တင်ခဲ့သူကတော့ ဂျာမနီနိုင်ငံက မိန်းကလေးငယ်ဖြစ်ပြီး (၈) ဒသမ (၉) အောင်စ ရှိပါတယ်။ အခုနှစ် အစောပိုင်းက ဂျပန်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ ယောကျ်ားလေးတစ်ယောက်ကလည်း ခန္ဓာကိုယ်အလေးချိန် (၉) ဒသမ (၄၅) အောင်စပဲရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top