ဟာဝိုင်အီကျွန်းမှာ အပတ်စဉ်တိုင်း ခြင်အကောင်ရေ သန်းချီ လွှတ်ချပေးနေတာ ဘာကြောင့်လဲ

mos.jpg

အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းမှာ အပတ်စဉ်တိုင်း ခြင်အကောင်ရေသန်းချီကို ရဟတ်ယာဉ်တွေ၊ မောင်းသူမဲ့ယာဉ်တွေပေါ်ကနေ လွှတ်ချပေးလျက်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟာဝိုင်အီကျွန်းပေါ်က မျိုးသုဉ်းပျောက်ကွယ်ဖို့ အန္တရာယ်ရှိနေတဲ့ ငှက်မျိုးစိတ်တွေကို ထိန်းသိမ်းကာကွယ်ပေးဖို့ပါပဲ။

လေယာဉ်ပေါ်က လွှတ်ချပေးတဲ့ ခြင်တွေဟာ ဓာတ်ခွဲခန်းမှာ သားဖောက်ထားတဲ့ ခြင်ထီးတွေဖြစ်ပြီး Wolbachia ဘက်တီးရီးယား သယ်ဆောင်လာတာကြောင့် တောထဲမှ ခြင်မတွေနဲ့ မိတ်လိုက်တဲ့အခါ ခြင်သားပေါက်မှု ဖြစ်ပွားမှာ မဟုတ်ပါဘူး။ ခြင်အကောင်ရေ လျော့နည်းလာရင် ခြင်ကိုက်ခံရလို့ ငှက်ဖျားရောဂါ ကူးစက်ခံရတဲ့ ငှက်အကောင်ရေ ကျဆင်းသွားမယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားကြပါတယ်။

အရင်က အရောင်အသွေးစုံလင်တဲ့  Honeycreeper ငှက်မျိုးစိတ်ကို ဟာဝိုင်အီကျွန်း နေရာအနှံ့အပြားမှာ တွေ့ရလေ့ရှိပေမဲ့ အခုအခါမှာတော့ အကောင်ရေ ၅၀ ပဲ ကျန်တဲ့အနက် ဟာဝိုင်အီကျွန်းမှာ ၁၇ ကောင်ပဲ တွေ့ရတော့တယ်လို့ ဆိုပါတယ်။

လူသားတွေအတွက် မဟုတ်ဘဲ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ပေးနိုင်ဖို့အတွက် မျိုးမအောင်နိုင်တဲ့ ခြင်ထီးတွေကို အခုလို အကောင်ရေအများအပြား တောထဲ လွှတ်ခြင်းဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Ref: Thousands of mosquitoes are being dropped by drone over islands in Hawaii. Here’s why

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top