အလေးချိန် ပေါင် ၅၀၀၀ ကျော်ရှိတဲ့ ဂြိုဟ်တုတစ်လုံး ကမ္ဘာမြေပေါ် ကျဆင်းလာမည်

20.2.24-yyl-14.jpg

အလေးချိန် ပေါင် ၅၀၀၀ ကျော်ရှိတဲ့ ဥရောပအာကာသအေဂျင်စီရဲ့ ကမ္ဘာမြေစောင့်ကြည့်ရေးဂြိုဟ်တု (ERS-2) ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နံနက်ပိုင်းမှာ ကမ္ဘာ့လေထုထဲ ပြန်လည်ဝင်ရောက်လာပြီး ကမ္ဘာမြေပေါ် ကျဆင်းလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဥရောပအာကာသအေဂျင်စီရဲ့ အာကာသအပိုင်းအစများရုံးနဲ့ နိုင်ငံတကာစောင့်ကြည့်ရေးကွန်ရက်က ERS-2 ဂြိုဟ်တုကို ခြေရာခံစောင့်ကြည့်လျက်ရှိပြီး ဖေဖော်ဝါရီလ ၂၁ ရက်၊ ဥရောပအလယ်ပိုင်း စံတော်ချိန် နံနက် ၆ နာရီ ၁၄ မိနစ်အချိန်မှာ ကမ္ဘာ့လေထုထဲ ပြန်လည်ဝင်ရောက်လာမယ်လို့ ခန့်မှန်းထားတာပါ။ ဒါပေမဲ့ လက်ရှိအချိန်ကနေ ၁၅ နာရီကြာ အချိန်အပိုင်းအခြားအတွင်းလည်း ကမ္ဘာ့လေထုထဲကို ရောက်လာဖွယ် ရှိနေပါတယ်။

ဘာကြောင့်လဲဆိုတော့ နေရဲ့ လှုပ်ရှားမှု မြင့်တက်လာပြီးနောက် ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ဥရောပအာကာသအေဂျင်စီ(ESA)ရဲ့ Aeolus ဂြိုဟ်တုက ကမ္ဘာ့လေထုကို ဝင်ရောက်ရာမှာ အချိန်ပိုမြန်ခဲ့တဲ့ ဥပမာရှိခဲ့ဖူးပါတယ်။

ERS-2 ဂြိုဟ်တုဟာ လောင်စာဆီ ကုန်ခန်းသွားပြီးနောက် အလေးချိန် ၅၀၅၇ ပေါင်ရှိမှာဖြစ်ပြီး အပတ်စဉ်တိုင်းနီးပါး ကမ္ဘာ့လေထုထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အာကာသအပိုင်းအစတွေနဲ့ အရွယ်အစား မတိမ်းမယိမ်းပဲ ရှိတယ်လို့ ESA က ဆိုပါတယ်။ ကမ္ဘာမြေမျက်နှာပြင်အထက် မိုင် ၅၀ အမြင့်မှာ ရှိနေတဲ့ ERS-2 ဂြိုဟ်တုဟာ အပိုင်းပိုင်းအစစ ကွဲသွားမှာဖြစ်ပြီး အစိတ်အပိုင်းအများစုဟာ လေထုထဲမှာ လောင်ကျွမ်းသွားမှာဖြစ်ပေမဲ့ အစိတ်အပိုင်းတချို့ကတော့ ကမ္ဘာမြေပေါ် ကျလာနိုင်ဖွယ်ရှိတယ်လို့ ESA က ဆိုပါတယ်။

Ref: A 5,000-pound satellite is expected to fall to Earth this week

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top