လူကြီးလူကောင်းဆန်ဆန် မင်္ဂလာပွဲ တက်ကြမယ်

wed.jpg

ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေတွေ ရဲ့တစ်သက်မှာတစ်ခါလုပ်ရတဲ့မင်္ဂလာပွဲကို ကိုယ်က တက်ရောက်ချီးမြှင့်ဖို့ အကြောင်းဖန်လာပြီဆိုပါစို့ ။ ဒီလိုဆို သင့်ရဲ့ မိတ်ဆွေသူငယ်ချင်းကို လေးစားသောအားဖြင့် သူတို့ရဲ့မင်္ဂလာပွဲမှာ ဘာတွေလုပ်ပြီး ဘာတွေမလုပ်သင့်လဲဆိုတာကို သိထားသင့်ပါတယ်။

(၁) အဝတ်အစားကို သင့်တင်လျောက်ပတ်အောင်ဝတ်စားတတ်ရမယ်

သတို့သားသတို့သမီးထက်တော့တောက်ပပြောင်လက်နေစရာမလိုဘူး။ ဒါသူတို့ကိုဦးစားပေးရမယ့်နေ့လေးပါ။ နိုင်ငံခြားမှာဆို သတို့သမီးကို ဦးစားပေးတဲ့အနေနဲ့တက်ရောက်လာမယ့်ဧည်သည့်တွေဟာ အဖြူရောင်အင်္ကျီတောင်ဝတ်ခွင့်မရှိပါဘူး။

(၂) အချိန်ကိုလေးစားတဲ့အနေနဲ့စောစောသွားပါ

ကားပိတ်တာတော့လူတိုင်းသိပါတယ်။ ဒါပေမယ့် သူတို့မင်္ဂလာပွဲထွက်နေမှ အူယားဖားယားပြေးဝင်လာမယ်ဆို သတို့သားသတို့သမီးကို အားမနာတတ်ရာရောက်တာပေါ့။

(၃) ဖုန်းသံပိတ်ထား၊ ဖုန်းမသုံးနဲ့

သင့်ကိုဂုဏ်သရေရှိလူကြီးလူကောင်းအနေနဲ့ဖိတ်ပြီးကျွေးမွေးဧည့်ခံထားတယ်။ အဲ့ဒါကိုမင်္ဂလာသတို့သား၊သတို့သမီးကိုဂရုမစိုက်ဘူး။ဖုန်းပဲသုံးနေတယ်။ ဒီကြားထဲ သူများမင်္ဂလာယူနေတဲ့အချိန်မှာ ကိုယ့်ဖုန်းကအသံကြီးထွက်လာတယ်ဆိုရင်လည်း သတို့သား၊သတို့သမီးအပေါ်အရမ်းရိုင်းပြရာကျပါတယ်။

(၄) နားလည်မှုလေးပေးပါ

မင်္ဂလာမောင်နှံဟာ သင်တို့ကိုဒီလိုဧည့်ခံကျွေးမွေးဖို့၊မင်္ဂလာပွဲထွက်နိုင်ဖို့ကို လပေါင်းရက်ပေါင်းများစွာသူတို့ခမျာ ပြင်ဆင်ရရှာတာပါ။ ခန်းမထဲမှာ စားပွဲထိုးအချိုးမပြေတာရှိမယ်။ မုန့်စားမကောင်းတာရှိမယ်။ တစ်ခုခုလစ်ဟင်းချို့ယွင်းတာရှိမယ်။ ဒါပေမယ့်တတ်နိုင်သလောက်ကိုယ့်ဘက်က လူကြီးတစ်ယောက်ပီပီနားလည်မှုပေးပါ။ ဒီမင်္ဂလာပွဲကအသုံးမကျဘူးလို့လဲအတင်းလိုက်မပြောပါနဲ့။ မင်္ဂလာမောင်နှံတိုင်းကတော့သူတို့ဧည့်သည်တွေကို အဆင်ပြေစေချင်တာချည်းပါပဲ။

(၅) ငွေသားလက်ဖွဲ့ရင် ပိုကောင်းပါတယ်

မင်္ဂလာဆောင်ပြီးတဲ့ ဇနီးမောင်နှံတွေရော၊ မဆောင်ရသေးတဲ့ မင်္ဂလာမောင်နှံတွေတိုင်းလိုလိုလက်ဖွဲ့ဘာလိုချင်လဲဆိုရင်ငွေသားလက်ဖွဲ့ကိုပဲလိုချင်ကြတာချည်းပါပဲ။ တစ်အိုးတစ်အိမ်ထူထောင်တော့မယ့် လူသားနှစ်ယောက်အတွက်ငွေကြေးလိုအပ်ချက်တွေကအရမ်းများမှာပါ။ သင်ပေးချင်တဲ့လက်ဆောင်ကသူတို့လိုအပ်ချက်နဲ့ကိုက်ညီဖို့ကခက်တဲ့အပြင် ပြန်ရောင်းစားရအောင်လည်းဈေးနှိမ်ခံရဦးမှာဖြစ်လို့နည်းသည်များသည်မဆို မင်္ဂလာမောင်နှံများကို ဖြစ်နိုင်မယ်ဆိုရင် ငွေကြေးပဲလက်ဖွဲ့ဖို့အကြံပေးချင်ပါတယ်။

မင်္ဂလာဆောင်လုပ်ရခြင်းရဲ့ရည်ရွယ်ချက်က မင်္ဂလာမောင်နှံတို့ကိုအကြင်လင်မယားဖြစ်ကြောင်းအသိအမှတ်ပြုတက်ရောက်ချီးမြင့်ဖို့ပါ။ ဒါကြောင့်မို့လို့ သူတို့ကိုလေးစားသမှုနဲ့အဝတ်အစားက အစလက်ဖွဲ့အဆုံး သူတို့ပွဲအတွက်စဉ်းစားပေးပြီး လူကြီးလူကောင်းဆန်ဆန်တက်ရောက်ချီးမြင့်ပေးပါ။ သူတို့မင်္ဂလာနေ့မှာ သူတို့ပျော်ရွှင်ပါစေ။

ရိုးရာလေးပရိသတ်ရော မင်္ဂလာဆောင်တွေမှာကြုံရတဲ့စိတ်ပျက်စရာဧည့်သည်တွေကိုမြင်ဖူးလား။ မြင်ဖူးရင် သူတို့တွေသိသွားအောင် ဒီပိုစ့်ကို ရှဲသွားလိုက်ပါဦး။

Ref: Glamour “Weddings Do and Don’t”
Elsa (ရိုးရာလေး)

(Unicode)

ကိုယ့္သူငယ္ခ်င္း၊ မိတ္ေဆြေတြ ရဲ႕တစ္သက္မွာတစ္ခါလုပ္ရတဲ့မဂၤလာပြဲကို ကိုယ္က တက္ေရာက္ခ်ီးျမႇင့္ဖို႔ အေၾကာင္းဖန္လာၿပီဆိုပါစို႔ ။ ဒီလိုဆို သင့္ရဲ႕ မိတ္ေဆြသူငယ္ခ်င္းကို ေလးစားေသာအားျဖင့္ သူတို႔ရဲ႕မဂၤလာပြဲမွာ ဘာေတြလုပ္ၿပီး ဘာေတြမလုပ္သင့္လဲဆိုတာကို သိထားသင့္ပါတယ္။

(၁) အဝတ္အစားကို သင့္တင္ေလ်ာက္ပတ္ေအာင္ဝတ္စားတတ္ရမယ္။ သတို႔သားသတို႔သမီးထက္ေတာ့ေတာက္ပေျပာင္လက္ေနစရာမလိုဘူး။ ဒါသူတို႔ကိုဦးစားေပးရမယ့္ေန႔ေလးပါ။ ႏိုင္ငံျခားမွာဆို သတို႔သမီးကို ဦးစားေပးတဲ့အေနနဲ႔တက္ေရာက္လာမယ့္ဧည္သည့္ေတြဟာ အျဖဴေရာင္အက်ႌေတာင္ဝတ္ခြင့္မရွိပါဘူး။

(၂) အခ်ိန္ကိုေလးစားတဲ့အေနနဲ႔ေစာေစာသြားပါ။
ကားပိတ္တာေတာ့လူတိုင္းသိပါတယ္။ ဒါေပမယ့္ သူတို႔မဂၤလာပြဲထြက္ေနမွ အူယားဖားယားေျပးဝင္လာမယ္ဆို သတို႔သားသတို႔သမီးကို အားမနာတတ္ရာေရာက္တာေပါ့။

(၃) ဖုန္းသံပိတ္ထား၊ ဖုန္းမသုံးနဲ႔။ သင့္ကိုဂုဏ္သေရရွိလူႀကီးလူေကာင္းအေနနဲ႔ဖိတ္ၿပီးေကြၽးေမြးဧည့္ခံထားတယ္။ အဲ့ဒါကိုမဂၤလာသတို႔သား၊သတို႔သမီးကိုဂ႐ုမစိုက္ဘူး။ဖုန္းပဲသုံးေနတယ္။ ဒီၾကားထဲ သူမ်ားမဂၤလာယူေနတဲ့အခ်ိန္မွာ ကိုယ့္ဖုန္းကအသံႀကီးထြက္လာတယ္ဆိုရင္လည္း သတို႔သား၊သတို႔သမီးအေပၚအရမ္း႐ိုင္းျပရာက်ပါတယ္။

(၄) နားလည္မႈေလးေပးပါ။
မဂၤလာေမာင္ႏွံဟာ သင္တို႔ကိုဒီလိုဧည့္ခံေကြၽးေမြးဖို႔၊မဂၤလာပြဲထြက္ႏိုင္ဖို႔ကို လေပါင္းရက္ေပါင္းမ်ားစြာသူတို႔ခမ်ာ ျပင္ဆင္ရရွာတာပါ။ ခန္းမထဲမွာ စားပြဲထိုးအခ်ိဳးမေျပတာရွိမယ္။ မုန႔္စားမေကာင္းတာရွိမယ္။ တစ္ခုခုလစ္ဟင္းခ်ိဳ႕ယြင္းတာရွိမယ္။ ဒါေပမယ့္တတ္ႏိုင္သေလာက္ကိုယ့္ဘက္က လူႀကီးတစ္ေယာက္ပီပီနားလည္မႈေပးပါ။ ဒီမဂၤလာပြဲကအသုံးမက်ဘူးလို႔လဲအတင္းလိုက္မေျပာပါနဲ႔။ မဂၤလာေမာင္ႏွံတိုင္းကေတာ့သူတို႔ဧည့္သည္ေတြကို အဆင္ေျပေစခ်င္တာခ်ည္းပါပဲ။

(၅) ေငြသားလက္ဖြဲ႕ရင္ ပိုေကာင္းပါတယ္။
မဂၤလာေဆာင္ၿပီးတဲ့ ဇနီးေမာင္ႏွံေတြေရာ၊ မေဆာင္ရေသးတဲ့ မဂၤလာေမာင္ႏွံေတြတိုင္းလိုလိုလက္ဖြဲ႕ဘာလိုခ်င္လဲဆိုရင္ေငြသားလက္ဖြဲ႕ကိုပဲလိုခ်င္ၾကတာခ်ည္းပါပဲ။ တစ္အိုးတစ္အိမ္ထူေထာင္ေတာ့မယ့္ လူသားႏွစ္ေယာက္အတြက္ေငြေၾကးလိုအပ္ခ်က္ေတြကအရမ္းမ်ားမွာပါ။ သင္ေပးခ်င္တဲ့လက္ေဆာင္ကသူတို႔လိုအပ္ခ်က္နဲ႔ကိုက္ညီဖို႔ကခက္တဲ့အျပင္ ျပန္ေရာင္းစားရေအာင္လည္းေဈးႏွိမ္ခံရဦးမွာျဖစ္လို႔နည္းသည္မ်ားသည္မဆို မဂၤလာေမာင္ႏွံမ်ားကို ျဖစ္ႏိုင္မယ္ဆိုရင္ ေငြေၾကးပဲလက္ဖြဲ႕ဖို႔အႀကံေပးခ်င္ပါတယ္။

မဂၤလာေဆာင္လုပ္ရျခင္းရဲ႕ရည္႐ြယ္ခ်က္က မဂၤလာေမာင္ႏွံတို႔ကိုအၾကင္လင္မယားျဖစ္ေၾကာင္းအသိအမွတ္ျပဳတက္ေရာက္ခ်ီးျမင့္ဖို႔ပါ။ ဒါေၾကာင့္မို႔လို႔ သူတို႔ကိုေလးစားသမႈနဲ႔အဝတ္အစားက အစလက္ဖြဲ႕အဆုံး သူတို႔ပြဲအတြက္စဥ္းစားေပးၿပီး လူႀကီးလူေကာင္းဆန္ဆန္တက္ေရာက္ခ်ီးျမင့္ေပးပါ။ သူတို႔မဂၤလာေန႔မွာ သူတို႔ေပ်ာ္႐ႊင္ပါေစ။

႐ိုးရာေလးပရိသတ္ေရာ မဂၤလာေဆာင္ေတြမွာႀကဳံရတဲ့စိတ္ပ်က္စရာဧည့္သည္ေတြကိုျမင္ဖူးလား။ ျမင္ဖူးရင္ သူတို႔ေတြသိသြားေအာင္ ဒီပိုစ့္ကို ရွဲသြားလိုက္ပါဦး။

Ref: Glamour “Weddings Do and Don’t”
Elsa (႐ိုးရာေလး)

(Zawgyi)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top