ပြီးခဲ့တဲ့လက Buenos Aires ဟိုတယ်လသာဆောင်ကနေ ပြုတ်ကျသေဆုံးခဲ့တဲ့ One Direction အဖွဲ့ဝင်ဟောင်းအဆိုတော်လီယမ်ပိန်းနဲ့ဆက်စပ်ပြီး လူ (၃) ဦးကို စွဲချက်တင်ထားတယ်လို့ အာဂျင်တီးနားအာဏာပိုင်တွေက နိုဝင်ဘာ ၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် လီယမ်ပိန်းရဲ့ရုပ်အလောင်းခွဲစိတ်စစ်ဆေးချက်အရ သူ သေဆုံးတဲ့အချိန် သူ့ရဲ့ခန္ဓာကိုယ်အတွင်း အရက်၊ ကိုကင်းနဲ့ စိတ်ဓာတ်ကျစေတဲ့ဆေးတွေသုံးစွဲထားကြောင်း တွေ့ရှိခဲ့ရပါတယ်။ သူ သေဆုံးတာနဲ့ပတ်သက်ပြီး တရားစွဲခံခဲ့ရတဲ့ လူ ၃ ဦးကတော့ မူးယစ်ဆေးရောင်းဝယ်တယ်လို့သံသယရှိသူ၊ လီယမ်ပိန်းကို ကိုကင်းတွေပေးတဲ့ ဟိုတယ်ဝန်ထမ်းနဲ့ လီယမ်နဲ့အနီးကပ်အတူရှိနေတဲ့သူတို့ပါပဲ။ သူတို့တွေက လီယမ်ပိန်းကို မူးယစ်ဆေးပေးရာမှာ ပါဝင်ပတ်သက်သူအဖြစ် စွဲချက်တင်ခဲ့တာပါ။ ဟိုတယ်ဝန်ထမ်းက လီယမ်ပိန်းနေစဉ်အတွင်း အနည်းဆုံး ၂ ကြိမ်လောက် ကိုကင်းတွေပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ မူးယစ်ဆေးရောင်းဝယ်တဲ့သူက လီယမ်ပိန်းမသေဆုံးခင် ၂ ရက်ကျော်မှာ ၂ ကြိမ် ရောင်းချခဲ့တယ်လို့ ဆိုထားပါတယ်။
လီယမ်ပိန်းနဲ့အတူ ဟိုတယ်ကိုလာပြီး အနီးကပ်ရှိနေခဲ့တဲ့သူကလည်း သေဆုံးခဲ့တဲ့အချိန် စွန့်ပစ်ချန်ထားခဲ့မှုနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။ စွဲချက်တင်ခံရတဲ့ ၃ ဦးရဲ့အမည်ကိုတော့ ဖော်ပြမထားပေမဲ့ နိုင်ငံကနေ ထွက်ခွာလို့မရအောင် သတိပေးတားမြစ်ထားမှာဖြစ်ပါတယ်။
လီယမ်ပိန်းရဲ့သေဆုံးမှုကို ဆက်လက်စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး သူ့ရဲ့ပျက်စီးသွားလက်ပ်တော့ကို ဖွင့်ဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Ref: Three charged in One Direction singer Liam Payne’s death
WL (ရိုးရာလေး)