သူ့ရဲ့ဖောင်ဒေးရှင်းကတဆင့် ကျောင်းသား/သူတွေနဲ့ အသေးစားလုပ်ငန်းရှင်တွေကို ဒေါ်လာ ၂ သန်း လှူဒါန်းသွားမယ့် ဘီယွန်းစေး

21.4.2023-yyl-iamge-26.jpg

အဆိုတော် ဘီယွန်းစေးရဲ့ Renaissance ကမ္ဘာလှည့်ဖျော်ဖြေပွဲက ပရဟိတဖျော်ဖြေပွဲလို့ ဆိုရမှာပါပဲ။ ကမ္ဘာလှည့်ဖျော်ဖြေပွဲကျင်းပစဉ်အတွင်း ကျောင်းသား/သူနဲ့ အသေးစားလုပ်ငန်းရှင်တွေကို ဒေါ်လာ ၂ သန်း လှူဒါန်းသွားမှာဖြစ်တယ်လို့ သူ့ရဲ့ပရဟိတဖောင်ဒေးရှင်းဖြစ်တဲ့ BeyGOOD က ဧပြီ ၂၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

လှူဒါန်းမှုတစ်ဝက်ကို အသေးစားလုပ်ငန်းရှင်တွေထံ ပေးအပ်သွားမှာပါ။ ဘီယွန်းစေးရဲ့ဖျော်ဖြေပွဲမတိုင်ခင် တစ်ရက်အလိုမှာ BeyGOOD က မျိုးတူလုပ်ငန်းလုပ်ကိုင်သူချင်းဆက်သွယ်ရေးပွဲတစ်ခုစီအတွက် ခွဲဝေပေးထားတဲ့ ဒေါ်လာ ၁၀၀၀၀၀ ကနေ ထောက်ပံ့ငွေရရှိမယ့် အခွင့်အရေးရှိတဲ့ အသေးစားလုပ်ငန်းရှင်၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် နေ့လယ်စာစားပွဲကျင်းပပေးသွားမှာပါ။ BeyGOOD က စုစုပေါင်းအလှူငွေ ဒေါ်လာ ၁ သန်း နဲ့ အသေးစားစီးပွားရေးလုပ်ငန်းပေါင်း (၁) ထောင်ကို ပံ့ပိုးကူညီဖို့ စီစဉ်ထားပါတယ်။

ဘေးဖယ်ထားခံရတဲ့၊ အရင်းအမြစ်နည်းတဲ့ လူ့အသိုင်းအဝိုင်းတွေကို ပံ့ပိုးပေးတဲ့ အဖွဲ့အစည်းတွေကို ဦးစားပေးနေတယ်လို့ ဖောင်ဒေးရှင်းက ပြောပါတယ်။ လှူဒါန်းငွေရဲ့အခြားတစ်ဝက်ကတော့ Renaissance Scholarship Fund အတွက်ဖြစ်မှာပါ။ BeyGOOD ဟာ နိုင်ငံတစ်ဝှမ်းရှိ မြို့ ၁၀ မြို့က ကောလိပ်နဲ့ တက္ကသိုလ်တွေကို တစ်ကျောင်း ဒေါ်လာ ၁၀၀၀၀၀ နဲ့ ဒေါ်လာ ၁ သန်း လှူဒါန်းသွားမှာပါ။ အဲဒီနောက်မှ ကျောင်းတွေက ပညာသင်စရိတ်လက်ခံရရှိမယ့်ကျောင်းသူ/သားတွေကို ရွေးချယ်သွားမှာပါ။

ဘီယွန်းစေးဟာ ၂၀၁၃ ခုနှစ်က Mrs. Carter Show ကမ္ဘာလှည့်ဖျော်ဖြေပွဲကျင်းပစဉ်အတွင်း BeyGOOD ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့တာပါ။ အဲဒီကတည်းက ဖောင်ဒေးရှင်းဟာ အမေရိကန်နဲ့ ပြည်ပက ပညာရေးဆိုင်ရာကြိုးပမ်းမှုတွေ၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး၊ အစားအစာ၊ ရေနဲ့အိမ်ရာလုံခြုံဘေးကင်းရေး၊ ကျန်းမာရေးအထောက်အပံ့နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် လှူဒါန်းခဲ့ပြီးပါပြီ။

ဘီယွန်းစေးရဲ့ Renaissance World Tour က ၂၀၂၃ ခုနှစ် မေလ ၁၀ ရက်နေ့က စတင်ပြီး စက်တင်ဘာ ၂၇ ရက်နေ့မှာ ပြီးဆုံးမှာပါ။

Ref: Beyoncé to donate $2 million to students and small business owners during Renaissance tour

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top