တိုက်တန်းနစ်မင်းသားကို ကျော်ပြီး အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိသွားခဲ့တဲ့ မင်းသား တီမိုတေး ရှာလာမက်

0112_Timothee-Chalamet.jpg

Dune ဇာတ်ကားတွေနဲ့ လူသိများတဲ့ နာမည်ကျော်သရုပ်ဆောင်မင်းသား တီမိုတေး ရှာလာမက်ဟာ ဇန်နဝါရီ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ The Golden Globes ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့ပါတယ်။ သူဟာ အပြိုင်အဆိုင်များတဲ့ ဇာတ်ကားအမျိုးအစားတွေမှာ ဆန်ကာတင်စာရင်းဝင်ခဲ့ကာ Marty Supreme ရုပ်ရှင်ဂီတဟာသဇာတ်ကားမှာ ပရော်ဖက်ရှင်နယ်စားပွဲတင်တင်းနစ်ကစားသမားဇာတ်ရုပ်နဲ့ ဒီဆုကို ပိုင်ဆိုင်သွားခဲ့တာပါ။

တီမိုတေးဟာ တိုက်တန်းနစ်မင်းသား လီယိုနာဒို ဒီကာပရီယို၊ မင်းသားကြီးဂျော့ဂျ်ကလူနီနဲ့ အခြားနာမည်ကြီးသရုပ်ဆောင်တွေကို ကျော်ပြီး အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရသွားခဲ့တာပါ။ အရင်နှစ်တွေတုန်းက သူဟာ The Golden Globes ဆုပေးပွဲမှာ ဘာဆုမှမရဘဲ ပြန်သွားခဲ့ရတာပါ။ အခုနှစ်မှာတော့ သူ့ရဲ့ပထမဆုံး The Golden Globe ဆုကြီးကိုသယ်ဆောင်က အိမ်ပြန်သွားနိုင်ခဲ့ပါပြီ။

The Golden Globes ဆုပေးပွဲက မတ်လမှာ အကယ်ဒမီဆုပေးပွဲ (အော်စကာဆုပေးပွ) မကျင်းပခင် ၂၀၂၆ ခုနှစ်မှာ ပထမဆုံးကျင်းပတဲ့ ဆုပေးပွဲဖြစ်ပါတယ်။

Ref: Timothee Chalamet beats Leonardo DiCaprio for first Golden Globe

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top