Vogue မဂ္ဂဇင်းရဲ့ အသက်ကြီးဆုံးမျက်နှာဖုံးရှင်ဖြစ်လာတဲ့ ရိုးရာဆေးမှင်ကြောင်ထိုးသူ

5.4.2023-yyl-iamge-24.jpg

မာရီယာအော့ဂေးလို့လည်း သိကြတဲ့ ဝှမ်အို့ဒ် အော့ဂေးဆိုတဲ့ အသက် ၁၀၆ နှစ်အရွယ် ရိုးရာဆေးမှင်ကြောင်ထိုးသူက ဧပြီလထုတ် Vogue Philippines အလှအပမဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ပါဝင်ထားပါတယ်။ ဓာတ်ပုံဆရာ အာတူ နီပိုမူစီနိုက ရိုက်ကူးပေးခဲ့တာပါ။ ပုတီးစေ့လည်ဆွဲကို ဝတ်ဆင်ထားတဲ့ အော့ဂေးဟာ သူ့ရဲ့ခန္ဓာကိုယ်ပေါ်က အနုစိတ်လှတဲ့ ရိုးရာဆေးမှင်ကြောင်များစွာကိုလည်း ပြသနေပါတယ်။

အော့ဂေးက Vogue မဂ္ဂဇင်းမှာ ပါဝင်တဲ့ အသက်ကြီးဆုံးမျက်နှာဖုံးရှင်ဖြစ်လာခဲ့ပါတယ်။ ဖိလစ်ပိုင်ရိုးရာဆေးမှင်ကြောင်ရေးထိုးတဲ့ဓလေ့ကို ထိန်းသိမ်းပေးနေတဲ့ သူက ရိုးရာဆေးမှင်ကြောင်ထိုးဖို့ အဝေးကနေ လာရောက်ကြတဲ့သူတွေကို သူ့မျက်စိတွေ မြင်နိုင်နေသရွေ့ သူတို့ကို ထိုးပေးသွားမှာပါလို့ Vogue မဂ္ဂဇင်းမှာ ဆိုထားပါတယ်။

အော့ဂေးမတိုင်ခင်က မင်းသမီး ဂျူဒီ ဒန်ချ်က Vogue မဂ္ဂဇင်းရဲ့အသက်ကြီးဆုံးမျက်နှာဖုံးရှင်ဖြစ်ခဲ့တာပါ။ ဂျူဒီက ၂၀၂၀ ခုနှစ် ဇွန်လ ထုတ် ဗြိတိန် Vogue မဂ္ဂဇင်းမှာ ပါဝင်ခဲ့တာပါ။ အဲ့ဒီတုန်းက သူ့အသက် ၈၅ နှစ်ပါ။

အော့ဂေးက အသက် ၁၆ နှစ်ကတည်းက သူ့ဖခင်ရဲ့လမ်းညွှန်မှုနဲ့ ဆေးမှင်ထိုးနည်းကို လေ့လာခဲ့တာပါ။ သူဟာ ကျွဲကောပင်က ဆူး၊ တစ်ပေသာသာ ဝါးတုတ်၊ ရေ၊ မီးသွေး၊ လက်နဲ့ ဖျော်စပ်တဲ့ ဆေးမှင်တွေနဲ့ ရေးထိုးပေးပါတယ်။ သူ့မှာ သားသမီးမရှိတော့ပေမယ့်လည်း ဒီရိုးရာတက်တူးထိုးနည်းကို ထိန်းသိမ်းဖို့အတွက် သူ့မြေးတွေကို လေ့ကျင့်ပေးထားပါတယ်။ သူ့ခြေရာအတိုင်းလိုက်ချင်တဲ့ မျိုးဆက်သစ်တွေကိုလည်း လေ့ကျင့်သင်ကြားပေးပါတယ်။

Ref: 106-year-old Indigenous tattoo artist Apo Whang-Od becomes Vogue’s oldest cover star

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top