သူတွေ့ရှိခဲ့တဲ့ နှစ် ၅၀၀၀၀ သက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်းကို အများသူငှာကြည့်လို့ရအောင် မရောင်းဘဲ လှူဒါန်းခဲ့သူ

9-21-2022-yyl-45.jpg

သူတွေ့ရှိခဲ့တဲ့ နှစ် ၅၀၀၀၀ သက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်းကို အများသူငှာကြည့်လို့ရအောင် မရောင်းဘဲ လှူဒါန်းခဲ့သူ

တက္ကဆပ်ပြည်နယ်မှာ နှစ်ပေါင်းသောင်းချီတဲ့ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ တွေ့ရှိခဲ့တဲ့သူက အာ့တ်ကက်တီလိုပါ။ သူ့ရဲ့ခံယူချက်ကတော့ ငွေဟာ အရာရာမဟုတ်ပါဘူးတဲ့။ ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိခဲ့တဲ့အချိန် စက်တင်ဘာ ၁၅ ရက်နေ့က သူဟာ Waco ကောင်တီရဲ့ Cotton Belt Trail မှာ တောင်တက်နေခဲ့တာပါ။ အဲဒါကို နင်းမိလို့ သူ ချော်လဲသွားခဲ့ပါသေးတယ်။ အဲဒီနေ့ကတော့ သူ့အတွက် ထူးထူးခြားခြားနေ့ဖြစ်ခဲ့ပါတယ်။

သူက တစ်ပတ်ကို ၃ ကြိမ်လောက်တော့ တောင်တက်ဖြစ်ပါတယ်။ တောင်တက်ရင်း တစ်ခုခုတွေ့များတွေ့မလားလို့ ရှာကြည့်ဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ သက်တမ်းများစွာကြာပြီဖြစ်တဲ့ အရာကို တွေ့ရှိခဲ့ရပါတယ်။ သူတွေ့တော့ ဒါက ရိုးရိုးကျောက်တုံးမဖြစ်နိုင်ဘူးဆိုတာ သိခဲ့တယ်။ အဲဒီကျောက်တုံးပေါ်မှာ ပုံစံကွက်တွေ၊ အလွှာအရစ်တွေပါတာကြောင့်ပါ။ ဒါက မျိုးသုဉ်းသွားပြီဖြစ်တဲ့ အမွေးရှည်ဆင်ကြီးရဲ့သွားနဲ့တူတယ်လို့ သူတွေးမိခဲ့ပါတယ်။

မျိုးသုဉ်းသွားပြီဖြစ်တဲ့ ကိုလံဘီယံအမွေးရှည်ဆင်ကြီးရဲ့ကျောက်ဖြစ်သွားတဲ့အံသွား

ဘာလဲဆိုတာ သေချာသိရဖို့အတွက် သူက Waco Mammoth National Monument ကို ယူသွားခဲ့ပါတယ်။ အဲဒီကိုရောက်တော့ ဒါက မျိုးသုဉ်းသွားပြီဖြစ်တဲ့ ကိုလံဘီယံအမွေးရှည်ဆင်ကြီးရဲ့ကျောက်ဖြစ်သွားတဲ့အံသွားဖြစ်ပြီး ခန့်မှန်းခြေ နှစ် ၂၅၀၀၀ နဲ့ နှစ် ၅၀၀၀၀ သက်တမ်းကြား ရှိတယ်လို့ သိခဲ့ရပါတယ်။

တကယ်ဆို နှစ်ပေါင်းများစွာသက်တမ်းရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ရောင်းချရင် ငွေပမာဏအများကြီးရနိုင်ပါတယ်။ ဒါပေမဲ့ ကက်တီလိုက Waco Mammoth National Monument ကို အလည်အပတ်လာသူတွေ ဒီအံသွားကြီးကို နောင်နှစ်ပေါင်းများစွာအထိ မြင်တွေ့ရဖို့အတွက် လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တူမဖြစ်သူနဲ့အတူ တွေ့ရတဲ့ အာ့တ် ကက်တီလို

“ကျွန်တော် ဘာလို့ ငွေမယူဘဲ လှူဒါန်းရတာလဲဆိုရင် ပိုက်ဆံဆိုတာ ကျွန်တော့်အတွက် အရာအားလုံးမဟုတ်တဲ့အတွက်ကြောင့်ပါ။ ကျွန်တော့်အတွက် အလည်အပတ်လာသူတွေဆီ ကျောက်ဖြစ်ရုပ်ကြွင်းက ယူဆောင်လာမယ့် ပျော်ရွှင်မှုက ငွေထက် ပိုအရေးကြီးပါတယ်”လို့ သူက ပြောပါတယ်။

Ref: People “Man Donates Fossil He Found While Hiking That Could Be 50,000 Years Old: ‘Money Isn’t Everything'”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top