သူတက်ရောက်ခဲ့တဲ့ အထက်တန်းကျောင်းကို အလည်သွားပြီး ကျောင်းသား/သူတွေကို စိတ်ဓာတ်ခွန်အားပေးခဲ့တဲ့ တင်မိုသီ ရှားလ်မန်း

timo.jpg

ဟောလိဝုဒ်မင်းသားချော တင်မိုသီ ရှားလ်မန်းဟာ ၂၀၁၃ ခုနှစ်မှာ သူအထက်တန်းအောင်မြင်စွာတက်ရောက်ခဲ့တဲ့ နယူးယောက်မြိုရဲ့ Fiorello H. LaGuardia High School ဆီ ပြီးခဲ့တဲ့အပတ်က အလည်သွားရောက်ခဲ့ပါတယ်။ သူအလည်လာရောက်ခြင်းက အထက်တန်းကျောင်းက ကျောင်းသား/သူတွေကို အံသြဝမ်းမြောက်ဝမ်းသာဖြစ်စေခဲ့ပြီး သူတို့အတွက်အသက်မွေးဝမ်းကြောင်းဆိုင်ရာအကြံဉာဏ်တွေလည်း ပေးခဲ့ပါတယ်။

တင်မိုသီ လာရောက်ပြီး သူ့ရဲ့ဆရာ/ဆရာမဟောင်းများနှင့် တွေ့ဆုံတာတွေ၊ အထက်တန်းကျောင်းသား/သူများနှင့် ဓာတ်ပုံရိုက်တာတွေအပါအဝင် ပုံတွေကို ကျောင်းရဲ့အင်စတာဂရမ်အကောင့်မှာပါ တင်ပေးခဲ့ပါသေးသည်။

” အသက်မွေးဝမ်းကြောင်းဆိုင်ရာအတန်းအတွက် ဧည့်သည်တစ်ယောက်ရောက်လာတဲ့အချိန်က အရမ်းကောင်းတဲ့နေ့ဖြစ်ခဲ့ပါတယ်။ ကျောင်းကို အလည်လာပြီး ကျောင်းသား/သူတွေကို အရေးကြီးတဲ့အကြံဉာဏ်တွေပေးခဲ့တဲ့ တင်မိုသီ ရှားလ်မန်းကို ကျေးဇူးတင်ပါတယ်”လို့ Offical Instagram Page မှာရေးသားထားပါတယ်။

Ref: Timothee Chalamet makes surprise visit to his old school

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top