အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ အနည်းဆုံး လူ ၁၃ ယောက် သေဆုံး

yyl-009-14.jpg

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဖန်ဖုန်းကြောင့် အနည်းဆုံး လူ ၁၃ ယောက် သေဆုံးခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်းကြောင့် တစ်နာရီ လေတိုက်နှုန်း ၁၁၈ မိုင်ရှိခဲ့ပြီး နေအိမ်တွေ၊ ဓာတ်အားလိုင်းတွေ ပြိုလဲခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် လူတော်တော်များများ ပျောက်ဆုံးနေပါတယ်။ သေဆုံးသူအများစုကတော့ အီလွိုင်လိုနဲ့ ကာပစ်ပြည်နယ်တွေမှာ နေထိုင်သူတွေပါ။

ကူးတို့ပြေးဆွဲမှုတွေကို ဆိုင်းငံ့လိုက်တဲ့အတွက် ခရစ္စမတ်နေ့မှာ အိမ်ပြန်ဖို့ ကြိုးစားခဲ့သူ ၁၅၀၀၀ လောက် ပိတ်မိခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်း ဖန်ဖုန်း(Typhoon Phanfone)တိုက်ခတ်ခဲ့တဲ့ ဒေသတွေဟာ တိုင်ဖွန်းမုန်တိုင်း ဟိုင်ယန်(Typhoon Haiyan)တိုက်ခတ်ရာ ဒေသတွေအနီးမှာ တည်ရှိပါတယ်။ ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဟိုင်ယန် မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အင်အားအကြီးဆုံးဖြစ်ပြီး လူ ၆၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply