အသက် ၈၀ အရွယ်မှာ ဘွဲ့ရခဲ့တဲ့ အဘွားအို

yyl-008-15.jpg

အိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိတဲ့အကြောင်း အလာဘားမားပြည်နယ်မှာ နေထိုင်တဲ့ အဘွားအိုတစ်ယောက်က သက်သေပြခဲ့ပါတယ်။ အသက် ၈၀ ရှိတဲ့ အဘွားအို ဒွန်ဇယ်လာဝါရှင်တန်ဟာ ဒီဇင်ဘာလ ၆ ရက်က အလာဘားမားပြည်နယ် A&M တက္ကသိုလ်ကနေ လူမှုလုပ်ငန်းဆိုင်ရာဘွဲ့ ရခဲ့ပါတယ်။ ဝါရှင်တန်ဟာ ဂုဏ်ထူးမှတ်နဲ့ ဘွဲ့ရခဲ့တဲ့အပြင် နောက်ဆုံးနှစ်ဝက် စာမေးပွဲမှာလည်း အမှတ်ပြည့်(4.0 GPA)ရရှိခဲ့ပါတယ်။

”အသက်အရွယ်က အတားအဆီးတစ်ခုမဟုတ်ဘူးဆိုတာ တခြားသူတွေကို အားကျအတုယူလာအောင် တွန်းအားဖြစ်စေချင်ပါတယ်။ ရုန်းကန်လှုပ်ရှားမှုတွေကြားက ဘဝတစ်ခုကို မီးမောင်းထိုးပြချင်ပါတယ်”လို့ ဝါရှင်တန်က ပြောပါတယ်။ ဝါရှင်တန်ဟာ ၁၄၄ နှစ် သက်တမ်းရှိတဲ့ A&M တက္ကသိုလ်သမိုင်းမှာ အသက်အကြီးဆုံးဘွဲ့ရသူ ဖြစ်လာခဲ့ပါတယ်။ အခုရရှိခဲ့တဲ့ဘွဲ့ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ရဲ့ခင်ပွန်းအတွက် ရည်စူးတယ်လို့ ဝါရှင်တန်က ဆိုပါတယ်။ ဝါရှင်တန်ရဲ့ခင်ပွန်းဟာ သူနဲ့ နှစ် ၅၀ နီးပါး ပေါင်းသင်းခဲ့ပြီး ကွယ်လွန်ခဲ့တာပါ။ ခင်ပွန်းဖြစ်သူ ဂျက်ဖ်ကြောင့် တက္ကသိုလ်ပြန်တက်ဖြစ်လာလို့ ဝါရှင်တန်က ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top