ခွေးတွေဟာ လူတွေရဲ့ခန္ဓာကိုယ်ပေါ်လက်တင်ရခြင်းအကြောင်းအရင်း

yyl-012-17.jpg

တချို့တိရစ္ဆာန်ချစ်သူတွေကတော့ သူတို့ရဲ့ခွေးတွေကို အခြားသူတွေထက်တောင် ပိုချစ်တတ်ကြပါတယ်။ သူတို့တွေက သူတို့ရဲ့တကယ်ကလေးတစ်ယောက်လို ဂရုစိုက်ပြီး အရမ်းချစ်ကြပါတယ်။ အလားတူစွာပဲ ခွေးတွေကလည်း သူတို့ရဲ့သခင်တွေကို စောင့်ရှောက်ကာကွယ်ပေးကြပြီးသူတို့ရဲ့အချစ်တွေကို မတူကွဲပြားတဲ့နည်းနဲ့ ပြတတ်ကြပါတယ်။

ကျွမ်းကျင်ပညာရှင်တွေက ခွေးဟာ လူရဲ့ခန္ဓာကိုယ်ပေါ် လက်တင်တာက အဲဒီလူကိုချစ်တယ်လို့ ပြတဲ့သင်္ကေတတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလေ့လာချက်နဲ့ပတ်သက်ပြီး စာဖတ်ပရိသတ်တွေကို မျှဝေပေးလိုက်ရပါတယ်။

ခွေးတွေက လူသားတွေကို စကားပြောပြီး မဆက်သွယ်နိုင်ပေမဲ့ သူတို့ပြောချင်တဲ့အရာ၊ သူတို့ပြချင်တဲ့အရာကို အမူအရာနဲ့ ပြတတ်ကြပါတယ်။ ခွေးတွေက လူတွေနဲ့ အဆက်အသွယ်လုပ်ချင်ရင် သူတို့ရဲ့ခြေဖဝါး၊ လက်ဖဝါး၊ ခန္ဓာကိုယ်တစ်ခုလုံးကိုသုံးတယ်လို့ ဆိုပါတယ်။

ခွေးတစ်ကောင်ဟာ သင့်နားလာပြီး သင့်ခန္ဓာကိုယ်ပေါ် လက်တင်ရင် သင့်ကို ချစ်ကြောင်း၊ သူ့အပေါ် သင်လုပ်ပေးတဲ့အရာမှန်သမျှကို တန်ဖိုးထားကြောင်း သိစေချင်တာဖြစ်ပါတယ်။ ခွေးနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူက သင်ကသင့်ခွေးလေးကို ပွတ်သပ်ပေးတဲ့အခါ သင့်ကို သူ့လက်ဖဝါးနဲ့ လာထိရင် သင့်ကို ချစ်ကြောင်း ပြဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ခါတရံ လက်မြှောက်တာ၊ ထိတွေ့တာက နောက်ထပ်တစ်ခုခုကို ဆိုလိုတာဖြစ်နိုင်ပါတယ်။ ခွေးတွေက လူသားတွေရဲ့စိတ်ခံစားချက်ကို ဖတ်နိုင်၊ နားလည်နိုင်ပါတယ်။ ဒါကြောင့် သင် ဝမ်းနည်းတဲ့အခါ သင့်ခွေးက သင့်နားလာပြီး သူ့လက်ကို ပေးတယ်ဆိုရင် သင့်ကို နှစ်သိမ့်ပေးဖို့၊ အရာအားလုံးအဆင်ပြေသွားမှာပါလို့ ပြောဖို့ကြိုးစားနေတဲ့ အဓိပ္ပာယ်ဖြစ်နိုင်ပါတယ်။

အဆက်မပြတ်လက်ပေးတာ၊ လက်နဲ့ထိတွေ့တာလုပ်တာကလည်း သင့်ရဲ့ဂရုစိုက်မှုကို တောင်းခံနေတာ၊ အတူတူကစားချင်တာကို ဆိုလိုတာဖြစ်နိုင်ပါတယ်။ ခွေးတွေက ကလေးတွေလိုပဲ လိုအပ်တာတွေရှိပြီး သူတို့ချစ်တဲ့သူနဲ့ ရင်းရင်းနှီးနှီးနေချင်ကြပါတယ်။

သင့်ခွေးနဲ့ ကစားတဲ့အခါ သင့်ခန္ဓာကိုယ်နဲ့ သင့်ခွေးရဲ့ခန္ဓာကိုယ်တွေက စိတ်ခံစားချက်ကောင်းစေတဲ့ ဟော်မုန်းဓာတ်တွေ ထုတ်လွှတ်ပါတယ်။ အဲဒီလိုထုတ်လွှတ်တဲ့အတွက် သင်ကော သင့်ခွေးပါ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်မတည်မငြိမ်ဖြစ်ခြင်းတွေကနေ ကင်းဝေးစေသလို သင်ကိုလည်း ပျော်ရွှင်စေနိုင်ပါတယ်။

Ref: If Your Dog Puts Its Paw on You It May Be Saying, “I Love You”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top