မြန်နှုန်းမြင့်ရထား ဖြတ်မသွားခင် စက္ကန့်ပိုင်းမှာ သံလမ်းပေါ်က ကလေးငယ်ကို အသက်ကယ်တင်နိုင်ခဲ့

4.7.2024-yyl-1.jpg

မြန်နှုန်းမြင့် ရထား ဖြတ်မသွားခင် စက္ကန့်ပိုင်းအလိုမှာပဲ ရထားလမ်းပေါ် ပြုတ်ကျနေတဲ့ လမ်းလျှောက်တတ်ခါစ ကလေးတစ်ယောက်ကို အသက်ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့လက ဗြိတိန်နိုင်ငံ နော်တင်ဟမ်ရှိုင်းယားကောင်တီ၊ နီဝက်နော့ခ်ဂိတ်ရထားဘူတာရုံမှာ ဖြစ်ပွားခဲ့တာပါ။

၃၆ စက္ကန့် ကြာမြင့်တဲ့ စောင့်ကြည့်ကင်မရာ မှတ်တမ်းအရ ၃ နှစ်အရွယ် ကလေးငယ်ဟာ အုပ်ထိန်းသူနှစ်ယောက်နောက်ကနေ ဘူတာရုံ စင်္ကြံလမ်းအစွန်းကို ပြေးသွားခဲ့တာပါ။ အဲဒီနောက်မှာတော့ ဟန်ချက်ပျက်ပြီး ရထားသံလမ်းပေါ် ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို မြင်လိုက်တဲ့ လူတစ်ယောက်က သံလမ်းပေါ် ခုန်ချပြီး ကလေးငယ်ကို ကယ်တင်ခဲ့တာပါ။

ကလေးငယ် စင်္ကြံပေါ်ကို ရောက်ပြီး ၂၂ စက္ကန့်အကြာမှာပဲ မြန်နှုန်းမြင့် ရထားတစ်စီးက ဒီဘူတာမှာ မရပ်တန့်ဘဲ အရှိန်ပြင်းပြင်းနဲ့ ခုတ်မောင်းသွားခဲ့တာပါ။

” ရထားသာ စက္ကန့်ပိုင်းလောက် စောရောက်လာခဲ့ရင် ဘယ်လိုတွေ ဖြစ်လာမလဲ မသိဘူး။ ဒီနေ့တော့ အားလုံးဘေးကင်းခဲ့ပါတယ်။ နေ့တိုင်းလည်း ဘေးကင်းဖို့ မျှော်လင့်ပါတယ်” လို့ ဘူတာရုံရဲ့ ဝန်ထမ်း အိုလီဗီယာတင်းမ်က ဆိုပါတယ်။ ရထားလမ်းဆိုင်ရာ ဘေးကင်းရေးရက်သတ္တပတ်အဖြစ် London North Eastern Railway က ထုတ်ပြန်ခဲ့တဲ့ ရုပ်သံမှတ်တမ်း ၃ ခုထဲမှာ ဒီရုပ်သံလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့တာပါ။

Ref: Toddler Saved from Train Tracks After Falling Seconds Before it Thundered Past
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top