အလက်စကာပြည်နယ်က အံ့ဘွယ်ကြီးမားတဲ့ သီးနှံများ

9-7-2022-yyl-33.jpg

အလက်စကာပြည်နယ်က အံ့ဘွယ်ကြီးမားတဲ့ သီးနှံများ

အလက်စကာပြည်နယ်မှာ စိုက်ပျိုးတဲ့ သီးနှံတွေကတော့ မယုံနိုင်ဖွယ် ကြီးမားကြပါတယ်။ ကမ္ဘာ့အကြီးဆုံး ရွှေဖရုံသီးက ပေါင်ချိန် ၁၇၀၀ ရှိပါတယ်။ အလက်စကာပြည်နယ်မှာ စိုက်ပျိုးဖြစ်ထွန်းခဲ့တာပါ။ အလက်စကာပြည်နယ်ထွက် ဂေါ်ဖီထုပ်က ပေါင် ၁၃၀၊ သခွားသီးတစ်လုံးက ၆၅ ပေါင်၊ အာလူးတစ်လုံးက ပေါင် ၅၀ အထိ ကြီးထွားပါတယ်။

အလက်စကာပြည်နယ်က အံ့ဘွယ်ကြီးမားတဲ့ သီးနှံများ
ဧရာမရွှေဖရုံသီးကြီး
ဧရာမ ဂေါ်ဖီထုပ်ကြီး
ကြက်သွန်တစ်ဥက လက်နဲ့အပြည့်
ရွှေဖရုံသီးကြီး ဘယ်လောက်ကြီးသလဲ
အလက်စကာပြည်နယ်က အံ့ဘွယ်ကြီးမားတဲ့ သီးနှံများ

အလက်စကာပြည်နယ်မှာ နွေရာသီဆိုရင် နာရီ ၂၀ လောက် နေရောင်ရရှိပါတယ်။ (အလက်စကာပြည်နယ်ရဲ့ မြောက်ဘက်စွန်းမှာရှိတဲ့ ဘာရိုးရွာဆိုရင် အာတိတ်စက်ဝိုင်းအပေါ်ဘက်မှာရှိလို့ ၈၄ ရက်တိုင်တိုင် နေမဝင်ပါဘူး။ အန်ခေါရေ့ မြို့ဆိုရင် ည ၁၀း၄၂ မိနစ်လောက်မှ နေဝင်ပါတယ်)။ နေရောင်ခြည် ပိုမိုရရှိလို့ အလင်းမှီ အစာချက်လုပ်မှု ပိုမိုအားကောင်းပြီး သီးနှံတွေ ပိုမိုကြီးထွားကြတာပါ။ နေရောင်ပိုရလို့ သီးနှံတွေ ပိုချိုတယ်လို့လည်း ဆိုပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top