ပြည်သူတွေအတွက် မြှားနတ်မောင်အဖြစ် ဆောင်ရွက်နေတဲ့ ဂျပန်အစိုးရ

6.6.2024-yyl-၁၀.jpg

ဂျပန်နိုင်ငံမှာ ဆယ်စုနှစ်တစ်စုနီးပါး ကလေးမွေးဖွားနှုန်း ကျဆင်းနေခဲ့တဲ့အတွက် ဂျပန်အစိုးရက ပြည်သူတွေအတွက် မြှားနတ်မောင်အဖြစ် လုပ်ဆောင်နေပါတယ်။ အခုဆို ဂျပန်အစိုးရက ကလေးမွေးဖွားမှုနှုန်းမြှင့်တက်လာစေဖို့ ရည်ရွယ်ပြီး Dating App တစ်ခုထွက်ရှိဖို့ စီစဉ်ထားပါတယ်။

ဂျပန်အစိုးရရဲ့ Dating App က အောင်သွယ်ပေးတဲ့ဝန်ဆောင်မှုအပြင် ချစ်ခြင်းမေတ္တာတွေရှင်သန်ပေါက်ဖွားလာစေဖို့ ရည်ရွယ်တဲ့နည်းလည်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့မြို့တော် တိုကျိုက ကိုယ်ပိုင် Dating App ကို စောနိုင်သမျှစောစော စတင်ဖြန့်ချိဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Dating App အသုံးပြုသူတွေက Single ဖြစ်ကြောင်းသက်သေပြဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အောင်သွယ်ပေးတဲ့အစီအစဉ်တွေ များတဲ့အတွက် အစိုးရက ဖြန့်ချိတဲ့ App ကတော့ ရှားပါတယ်။ လက်ထပ်ဖို့ကြိုးစားနေကြတဲ့သူတွေရဲ့ ၇၀ ရာခိုင်နှုန်းက Dating အစီအစဉ်တွေမှာ တက်တက်ကြွကြွမပါဝင်ကြတာတွေ့ရှိရတယ်လို့ ဂျပန်အစိုးရက ဆိုထားပါတယ်။

Ref: Tokyo Wants Its Citizens To Swipe Right! Government Announces Dating App In Bid To Boost Birth Rates

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top