သားငယ်ကိုရေမစိုအောင် ပြုစုယုယတဲ့ မိခင်ပင်လယ်ဖျံ

seals.gif

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် ရှိ ရေသတ္တဝါပြတိုက် ဥယျဉ်ပန်းခြံ တစ်ခုမှာ ဖြစ်ပါတယ်။ သာမန်ထက်အအေးပိုတဲ့ ဆောင်းရာသီကို ကြုံတွေ့ရချိန် မိခင် ပင်လယ်ဖျံမကြီးဟာ သူမရဲ့ ကလေးငယ်ကို ယခုလို ပြုစုကြင်နာပါတယ်။

သားငယ် ပင်လယ်ဖျံပေါက်စလေး ရေနဲ့ထိပြီး စိုစွတ် အေးသွားမှာကို မလိုလားတာကြောင့် သူ့ရဲ့ ကိုယ်ပေါ်ကို တင်ပြီးတော့ ချော့သိပ်နေပါတယ်။ သားပေါက်လေးကို သေချာ ဂရုစိုက်ပေးနေမှုဟာ လာရောက်လည်ပတ်သူများရဲ့ အမြင်မှာ ချစ်ခင် ကြင်နာ စဖွယ်ဖြစ်ခဲ့ပြီး ဓာတ်ပုံများ ရိုက်ယူလို့ အင်တာနက်ပေါ် တင်ခဲ့ကြ ပါတယ်။

ဘယ်တိရစ္ဆာန် မဆို မိခင်မှန်ရင် သားသမီး များအပေါ် ယခုလို ကြင်နာ ပြုစုတတ်တာဟာ သဘာဝပဲ ဖြစ်ပေမယ့် သားပေါက်နဲ့ အကောင်ငယ်လေးများကတော့ အရွယ်ရောက်လာတဲ့အခါ မိခင်ကို စွန့်ပစ်သွားခဲ့တတ်ကြ ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top