ပါရီအိုလံပစ်ပြိုင်ပွဲပိတ်ပွဲမှာ မိုးပျံခုန်စတန့်နဲ့ရောက်လာပြီး အိုလံပစ်အလံသယ်ဆောင်ခဲ့တဲ့ တွမ်ခရုစ်

12.8.2024-yyl-4.jpg

ဇာတ်ကားရိုက်ကူးရာမှာ စတန့်ဇာတ်ဝင်ခန်းတွေကိုကိုယ်တိုင်လုပ်တယ်လို့ အများကသိကြတဲ့ မင်းသားကြီး တွမ်ခရုစ်ဟာ ၂၀၂၄ ခုနှစ် ပါရီအိုလံပစ်ပြိုင်ပွဲပိတ်ပွဲအခမ်းအနားမှာ မိုးပျံခုန်စတန့်လုပ်ပြခဲ့ပါတယ်။ သူဟာ လော့အိန်ဂျလိစ်မှာ ကျင်းပမယ့် ၂၀၂၈ ခုနှစ် အိုလံပစ်ပြိုင်ပွဲအတွက် လက်ဆင့်ကမ်းပေးဖို့ အိုလံပစ်အလံကို ယူဆောင်လာပေးခဲ့ပါတယ်။

တွမ်ခရုစ်က အားကစားသမားတွေကို နှုတ်ဆက်ခဲ့ပြီး လော့အိန်ဂျလိစ်မြို့တော်ဝန် Karen Bass နဲ့ ကျွမ်းဘားအားကစားမယ် Simone Biles ဆီက အိုလံပစ်အလံကို ရယူခဲ့ပါတယ်။ အဲ့ဒီနောက် Hollywood ဆီ ဦးတည်ဖို့ စောင့်ဆိုင်းနေတဲ့ လေယာဉ်ဆီ မော်တော်ဆိုင်ကယ်နဲ့ အလံယူပြီး ထွက်ခွာသွားခဲ့ပါတယ်။

သူဟာ လေယာဉ်ပေါ်ခုန်တက်သွားပြီး Hollywood အမှတ်အသားရှိတဲ့နေရာဆီ လိုက်ပါသွားကာ အိုလံပစ်အလံကို အိုလံပစ်စက်ဘီးသမား Kate Courtney ဆီ လက်ဆင့်ကမ်းပေးခဲ့ပါတယ်။

တွမ်ခရုစ်က အိုလံပစ်ဂိမ်းတွေရဲ့ပရိသတ်တစ်ယောက်၊ အားပေးပံ့ပိုးတဲ့သူတစ်ယောက်ဖြစ်ခဲ့တာကြာပါပြီ။ ၂၀၀၄ ခုနှစ်တုန်းက အိုလံပစ်မီးရှုးတိုင်သယ်ဆောင်ပေးခဲ့ဖူးပါတယ်။ အခုအိုလံပစ်ပြိုင်ပွဲတွေမှာလည်း တွမ်ခရုစ်ရှိနေခဲ့ပါတယ်။

Ref: Tom Cruise Hands Paris Olympics Off to Los Angeles in Cross-Country, Skydiving Stunt at Closing Ceremony

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top