ကမ္ဘာကျော်မင်းသားကြီး တွမ်ခရုစ်ပါဝင်ထားပြီး အကယ်ဒမီဆုရှင် ဒါရိုက်တာ အဲလဂျန်ဒရို ဂျီ အီနာရီတုရိုက်ကူးမယ့် Digger အမည်ရတဲ့ ရုပ်ရှင်ကားဟာ ထုတ်လုပ်ရေးကုန်ကျစရိတ် အနည်းဆုံး ကန်ဒေါ်လာ ၁၂၅ သန်းရှိတယ်လို့ သိရပါတယ်။
ဒီဇာတ်ကားမှာ မင်းသားကြီးတွမ်ခရုစ်အပြင် ဗြိတိန်ရုပ်ရှင်မင်းသား၊ရက်ပါအဆိုတော် ရစ်ဇ် အာမတ်လည်း ပါဝင်ထားပါတယ်။ Digger ဇာတ်ကားဟာ ၂၀၁၅ ခုနှစ်က ဒါရိုက်တာအဲလဂျန်ဒရိုကိုယ်တိုင် ပူးတွဲရေးသားထုတ်လုပ်ခဲ့တဲ့ The Revenant ထွက်ရှိပြီးကတည်းက သူ့ရဲ့ပထမဆုံးအင်္ဂလိပ်စကားပြောဇာတ်ကားဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားသစ်က တွမ်ခရုစ်ရဲ့အက်ရှင်ဇာတ်ကားတွေနဲ့ သိသိသာသာကွဲထွက်နေမယ့် ဟာသဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားက ကမ္ဘာ့ဩဇာအာဏာအကြီးဆုံးလူအကြောင်းဖြစ်ပြီး သူ ဖန်တီးခဲ့တဲ့ ကပ်ဘေးတစ်ခုက အရာအားလုံးကို ဖျက်ဆီးမပစ်ခင် သူဟာ လူသားတွေရဲ့ကယ်တင်ရှင်ဖြစ်ကြောင်း သက်သေပြဖို့ မစ်ရှင်တစ်ခုကို အပြင်းအထန် စတင်လုပ်ဆောင်တဲ့အကြောင်းရိုက်ကူးထားတာပါ။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့ မှာ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။
Ref: Tom Cruise’s Digger reportedly carries 9-figure budget
WL (ရိုးရာလေး)

