ခရီးသွားတိုင်းရဲ့အိပ်မက်ဖြစ်တဲ့ တိုက်ကြီး (၇) တိုက်ကို ရောက်အောင်သွားနိုင်ခဲ့တဲ့ ပထမဆုံးဝှီးချဲနဲ့ ခရီးသွား

18-9-2020-yyl-035.jpg

ကမ္ဘာ့ပတ်ပြီး အလည်အပတ်သွားချင်တဲ့သူတိုင်းမှာ တိုက်ကြီး (၇) တိုက်လုံးကို အလည်သွားနိုင်ရမယ်ဆိုတဲ့ စိတ်ကူးအိပ်မက်တွေရှိကြပါတယ်။ ကော်ရီ လီ (Cory Lee) ဆိုတဲ့ အမျိုးသားတစ်ဦးအတွက်လည်း တိုက်ကြီး (၇) ကြီးကို အလည်သွားဖို့က တစ်သတ်တာရည်မှန်းချက်ပါပဲ။ သူကတော့ ငယ်ငယ်လေးကတည်းက ဝှီးချဲနဲ့ နေခဲ့ရပေမယ့် သူ့အိမ်မက်ဖြစ်တဲ့ တိုက်ကြီး (၇) တိုက်ကို ရောက်အောင်အလည်သွားနိုင်ခဲ့ပါတယ်။

ကော်ရီ လီက ကျောရိုးမကြွက်သာချည့်နဲ့တဲ့ရောဂါ (Spinal Muscular Atrophy – SMA) ကိုခံစားနေရပြီး အသက် (၄) နှစ်ကတည်းက ဝှီးချဲကို အသုံးပြုခဲ့ရပါတယ်။ သူ့ကို ဆရာမအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ သူ့ရဲ့အမေက ပြုစုပျိုးထောင်ပေးခဲ့တာပါ။ နွေရာသီအားလပ်ရက်တွေမှာ သူနဲ့ သူ့အမေတို့ အမေရိကန်နိုင်ငံကို ပထမဆုံး အလည်သွားတဲ့အချိန်မှာ ခရီးသွားရတာကို ကြိုက်နှစ်သက်လာခဲ့ပါတယ်။ ကပ်ရောဂါမတိုင်ခင်မှာ သူ့အမေနဲ့အတူ နောက်ဆုံးတိုက် အန္တာတိကတိုက်ကို အလည်အပတ်ရောက်ရှိပြီးသွားခဲ့ပါပြီ။

“နယ်စပ်တွေမပိတ်ခင် ကျွန်တော်တို့ အန္တာတိကတိုက်ဆီ နောက်ဆုံးအလည်အပတ်ရောက်နေခဲ့တာ။ အန္တာတိကတိုက်က တကယ်ကို အိပ်မက်ဆန်ဆန်ပါပဲ။ ရေခဲစိုင်ကြီး၊ ရေခဲတောင်တွေ၊ ပင်ဂွင်းတွေရှိပါတယ်။ သင် စိတ်ကူးထားသလို အရာရာတိုင်းပါပဲ။ အဲဒီထက်တောင် ပိုဦးမယ်။ ကျွန်တော် မျက်ရည်ကျမတတ်ပါပဲ” လို့ ကော်ရီလီက ပြောပါတယ်။ သူက ဝှီးချဲနဲ့ အလည်အပတ်သွားရမှာဖြစ်တတ်တဲ့အတွက် ကြိုတင်လေ့လာပြီး စီစဉ်ရတယ်လို့ ပြောပါတယ်။ အန္တာတိကတိုက်ကို သွားမယ့်ခရီးဆိုရင် (၂) နှစ်လောက်ကြိုပြီး ဘိုကင်လုပ်ထားခဲ့ရပါတယ်။ “ခရီးသွားကုမ္ပဏီတွေကို လေ့လာရှာဖွေရတယ်။ ပို့ဆောင်ဆက်သွယ်ရေးအတွက်ရော၊ သွားမယ့်နေရာအတွက်ရော အကုန်လေ့လာရတယ်။ အလုပ်တော်တော်များများပါတယ်” လို့ ကော်ရီက ဆိုပါတယ်။

တိုက်ကြီး (၇) တိုက်ကို ရောက်အောင်သွားဖို့ ခက်ခဲတဲ့အတွက် ကော်ရီက ကမ္ဘာကြီးနဲ့အတူ သူ့ရဲ့ခရီးသွားအတွေ့အကြုံတွေကို မျှဝေဖို့အတွက် Curb Free with Cory Lee ဆိုတဲ့ Blog ကို ထောင်ခဲ့ပါတယ်။ သူ အလည်သွားခဲ့တဲ့ (၃၇) နိုင်ငံမှာ အန္တာတိကနဲ့ မော်ရိုကိုတို့ကတော့ အမိုက်ဆုံးပဲလို့ ဆိုပါတယ်။ “ကျွန်တော် မော်ရိုကိုနဲ့ပတ်သက်ပြီး အရမ်းကြီးမျှော်လင့်မထားခဲ့ဘူး။ ဒါပေမဲ့ မာရာကတ်ရ်မြို့ရဲ့လမ်းကြားတွေနဲ့ မြွေအလိမ္မာယ်ဆရာတွေက ကျွန်တော်ကို အံ့အားသင့်စေခဲ့ပါတယ်။ ဝီးချဲနဲ့ ကမ္ဘာပတ်ရတာလည်း လုံးဝဖြစ်နိုင်ပါတယ်” လို့ ပြောပါတယ် ။

ကော်ရီက ဝီးချဲနဲ့ ကမ္ဘာပတ်တဲ့ကောင်လေးအကြောင်းဖြစ်တဲ့ Explore With Cor Cor ဆိုတဲ့ စာအုပ်နဲ့ လူငယ်ခရီးသွားတွေကို လှုပ်ဆော်နိုင်မယ့်လို့ မျှော်လင့်နေပါတယ်။ အဲဒီစာအုပ်ကို the Americans with Disabilities Act (ADA) (၃၀) ပြည့်နှစ်အထိမ်းအမှတ်နေ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်။ “တိုက်ကြီး (၇) တိုက်လုံးကို ခရီးထွက်ရတာက သွားဖို့ဖြစ်နိုင်တဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သင်က စိတ်အားဓာတ်သန်ရင်၊ ဆုံးဖြတ်ချက်ခိုင်မာရင်တော့ အခွင့်အရေးဆိုတာ အကန့်အသတ်မရှိပါဘူး” လို့ ကော်ရီက ပြောပါတယ်။

Ref: ABCNews “Meet the 1st traveler in a wheelchair to visit all 7 continents”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top