ပညာသင်ထောက်ပံ့ကြေးမရခဲ့တဲ့ဆင်းရဲနွမ်းပါးတဲ့ကလေး အယောက် ၁၀၀ ကျော်အတွက် ဟောင်ကောင်ဒေါ်လာ ၃ သန်းလှူဒါန်းခဲ့တဲ့ တိုနီ လျန်

28.6.2024-yyl-1.jpg

အသက် ၆၁ နှစ်အရွယ် ယောင်ကောင်ရုပ်ရှင်အကျော်အမော် တိုနီလျန်ဟာ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေအတွက် Hong Kong Paediatric Society လက်အောက်ရှိ HKPS Bright Future Scholarship ဆီ ဟောင်ကောင်ဒေါ်လာ ၃ သန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကမှ တည်ထောင်ခဲ့တဲ့ HKPS Bright Future Scholarship က ဆင်းရဲနွမ်းပါးတဲ့မိသားစုကလာတဲ့ (ဒါမှမဟုတ်) နာတာရှည်ရောဂါနဲ့၊ အထူးပညာရေးလိုအပ်ချက်လိုအပ်တဲ့ ကလေးတွေ၊ ဆယ်ကျော်သက်တွေအတွက် ထောက်ပံ့ကူညီပေးဖို့ကြိုးပမ်းနေတာပါ။ ရန်ပုံငွေအကန့်အသတ်ကြောင့် ပြီးခဲ့တဲ့နှစ်က ပညာသင်ကြေးလျှောက်ထားသူ ၁၇၀ မှာ အယောက် ၂၀ ကိုပဲ ပေးအပ်နိုင်ခဲ့တာပါ။ ဒီအကြောင်းကို သိသွားတဲ့ တိုနီလျန်က ပညာသင်ကြေးမရခဲ့တဲ့ အယောက် ၁၅၀ -၂၀၀ ကို အခုနှစ်မှာ ထောက်ပံ့ပေးဖို့ အခုလိုလှူဒါန်းခဲ့တာပါ။

တိုနီလျန်ရဲ့လှူဒါန်းပေးမှုကြောင့် ကလေးတစ်ယောက်ချင်းစီရရှိမယ့် ပညာသင်ကြေးပမာဏကလည်း များလာခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်ကို နောက်ထပ်ထောက်ပံ့နိုင်ဖို့ရည်ရွယ်ပြီး ရန်ပုံငွေရှာတဲ့လေလံပွဲအတွက် ပန်းချီကားတစ်ချပ်ကိုလည်း တိုနီလျန်က လှူဒါန်းခဲ့ပါသေးတယ်။

Ref: Tony Leung Donates S$520K To Scholarship Fund After Learning Over 100 Underprivileged Kids Were Left Disappointed Last Year

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top