ချစ်သူဟောင်းရဲ့ လိင်အသားပေးဓာတ်ပုံတွေ ဖြန့်သူကို နစ်နာကြေး ကန်ဒေါ်လာ ၁.၂ ဘီလျံပေးဖို့ တရားရုံး ဆုံးဖြတ်

16.8.23-yyl-13.jpg

ချစ်သူဘဝမှာ ကောင်မလေးက ကောင်လေးဆီ လိင်အသားပေးဓာတ်ပုံတွေ ပို့ပေးတယ်။ ၂၀၁၆ ခုနှစ်က စကြိုက်ခဲ့တာ ၂၀၂၁ ခုနှစ်အထိ ၅ နှစ်ကြာတယ်။ တစ်ယောက်နဲ့တစ်ယောက် ပြတ်လည်းပြတ်ရော အဲဒီဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ကုန်တော့တာပဲ။ အရွယ်ရောက်ပြီးသူဝက်ဘ်ဆိုက်မှာပါ ပျံ့ကုန်တယ်။ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာ အခုလို ဖြစ်ခဲ့တာပါ။

၂၀၂၂ ခုနှစ်မှာ ကောင်မလေးက သူ့ချစ်သူဟောင်းကို တရားစွဲတယ်။ နစ်နာကြေး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရလိုမှုနဲ့ တရားစွဲတာပါ။ တက္ကဆက်တရားရုံးက ကောင်မလေးကို အနိုင်ပေးလိုက်တယ်။ ကောင်မလေးကို နစ်နာကြေး အမေရိကန်ဒေါ်လာ ၁ ဘီလျံ၊ စိတ်ထိခိုက်နာကျင်စေမှုအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၂ ဘီလျံ ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တယ်။
ကောင်မလေးရဲ့ရှေ့နေတွေကတော့ ဒါဟာ ချစ်သူအဖြစ်ကနေ ပြတ်စဲကြတဲ့အခါ လိင်အသားပေး ဓာတ်ပုံတွေဖြန့်ခံရတဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရသူအားလုံးအတွက် အောင်ပွဲတစ်ရပ်လို့ ဆိုတယ်။ ဒီလိုကိစ္စမျိုး ကမ္ဘာအနှံ့မှာ ဖြစ်နေတယ်။ အမေရိကန်နိုင်ငံမှာတော့ ဒီလိုကိစ္စမျိုးတွေကို ကြီးလေးတဲ့ ဒဏ်ငွေတွေ ချမှတ်လေ့ရှိတယ်။

၂၀၁၈ ခုနှစ်တုန်းကလည်း အပြာဝက်ဘ်ဆိုက်တွေမှာ လိင်အသားပေးဓာတ်ပုံတွေ ဖြန့်ခံရတဲ့ ကယ်လီဖိုးနီးယားပြည်နယ်က အမျိုးသမီးကို သူ့ချစ်သူဟောင်းအနေနဲ့ နစ်နာကြေး အမေရိကန်ဒေါ်လာ ၆.၈ သန်းပေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ဖူးပါတယ်။

Ref: Texas woman awarded $1.2bn in revenge porn case

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top