ကျောင်းပြီးတဲ့ အထိမ်းအမှတ်အနေနဲ့ အိမ်ရာမဲ့တွေကို ပီဇာပါတီ လုပ်ပေးတဲ့ အထက်တန်းကျောင်းသူ

65726666_1374206039397805_7487069479529086976_n.jpg

အထက်တန်းကျောင်းပြီးသွားတဲ့ အထိမ်းအမှတ် ၊ ဘွဲ့ရတဲ့ အထိမ်းအမှတ်စတဲ့ နေ့ထူးနေ့မြတ်တွေမှာ အောင်မြင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကိုယ်ကိုယ်တိုင်အတွက် ဂုဏ်ပြုပါတီ လုပ်ပေးကြတာ များပါတယ်။ ဒါပေမဲ့ အိမ်ရာမဲ့တွေအတွက် ပါတီလုပ်ပေးတဲ့ ထူးထူးခြားခြား မိန်းကလေးကတော့ တက္ကဆက်ပြည်နယ်မှာ ရှိပါတယ်။ လိန်နာ ကာရက်စ်ကို (Leanner Carrasco) ဆိုသူ မိန်းကလေးက တက္ကဆက်ပြည်နယ်က အိမ်ရာမဲ့ အမျိုးသမီးနဲ့ ကလေးတွေအတွက် ပီဇာ (၉၅) ခု မှာပြီး ပါတီပွဲကျင်းပပေးဖို့ သူငယ်ချင်းတွေနဲ့ အတူတူ စီစဉ်ခဲ့တာပါ။ အရင်တုန်းက မိသားစုနဲ့ အတူတူ ဖွံ့ဖြိုးရေးဂေဟာတွေ သွားပြီး လှူဒါန်းမှုလုပ်ဖူးပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူငယ်ချင်းတွေနဲ့ အတူတူ ကိုယ်တိုင် အကောင်အထည်ဖော်ရတာ ဖြစ်ပါတယ်။

ပွဲမစခင် တစ်လအလိုကတည်းက သူငယ်ချင်းတစ်စု သွားပွတ်တံ ၊ သွားတိုက်ဆေး ၊ လက်သုတ်ပုဝါနဲ့ ချွေးနံ့ပျောက်ဆေးတွေ ဝယ်ယူထားပြီး အဲဒါတွေကို အိတ် (၄၀၀) နဲ့ ခွဲထုပ်ပြီး အိမ်ရာမဲ့တွေကို ဝေငှပေးခဲ့ပါတယ်။ ပါတီပွဲနေ့မှာတော့ ပီဇာပဲ ဝယ်စရာလိုပြီး လူပေါင်း (၂၀၀) ကို ကျွေးမွေးနိုင်ခဲ့လို့ ထူးခြားတဲ့နေ့လေးတစ်နေ့ ဖြစ်ခဲ့တယ်လို့ ကာရက်စ်ကိုက ဆိုပါတယ်။

လူအများအပေါ်စေတနာထားတဲ့ ကာရက်စ်ကို ကတော့ ဒီနှစ်ဆောင်းဦးမှာ Briar Cliff တက္ကသိုလ်ကို တက်ရောက်မှာဖြစ်ပြီး သူနာပြုဘာသာရပ်ယူသွားမယ်လို့ သိရပါတယ်။

Ref: CNN “Instead of a graduation bash, this high school senior threw a pizza party for the homeless”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top