ကနေဒါလေဆိပ်မှာ အကြီးမားဆုံး ရွှေဖောက်ထွင်းမှုတစ်ခု ဖြစ်ပွား

21.4.2023-yyl-iamge-21.jpg

ကနေဒါနိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး ရွှေဖောက်ထွင်းမှုတစ်ခု တိုရွန်တိုပီယာဆင်နိုင်ငံတကာလေဆိပ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဧပြီလ ၁၇ ရက်က အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် တန်ကြေးရှိတဲ့ ရွှေနဲ့ အဖိုးတန်ပစ္စည်းတွေ ခိုးယူခံခဲ့ရတာပါ။

အွန်တာရီယိုပြည်နယ်မှာ တူးဖော်တဲ့ ရွှေတွေကို တိုရွန်တိုပီယာဆင်လေဆိပ်ကနေ တင်ပို့တာပါ။ ဧပြီလ ၁၇ ရက် ညနေက လေယာဉ်ပေါ် တင်ဆောင်မယ့် အဖိုးတန် container တစ်လုံး လေဆိပ်ကို ရောက်လာခဲ့ပြီး လေဆိပ်ကုန်လှောင်ရုံကို ပို့ဆောင်ခဲ့ပါတယ်။ လေဆိပ်ကုန်လှောင်ရုံမှာ ဖောက်ထွင်းမှုဖြစ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ယုံကြည်နေပါတယ်။

အဲဒီ container ဟာ ၅ စတုရန်းပေရှိတယ်လို့ ဒေသဆိုင်ရာ ရဲမှူးက ဆိုပေမဲ့ အလေးချိန် ဘယ်လောက်ရှိသလဲဆိုတာကိုတော့ ဖော်ပြခြင်းမရှိပါဘူး။ ဒါ့အပြင် ဘယ်လေကြောင်းကနေ တင်ဆောင်လာခဲ့တာလဲ၊ ဘယ်နေရာက တင်ဆောင်လာခဲ့သလဲဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဒီဖြစ်ရပ်ဟာ ဖောက်ထွင်းဂိုဏ်းတွေနဲ့ ဆက်နွှယ်နေဖွယ်ရှိတယ်လို့ ဆိုပေမဲ့ အတပ်ပြောဖို့ အချိန်မတန်သေးဘူးလို့ ရဲမှူးက ဆိုပါတယ်။

Ref: Toronto airport gold heist: Police says $15m of valuables stolen

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply