တရုတ်လင်မယား ဒုက္ခပေးလို့ တရုတ်တွေဆိုရင် အိမ်ငှားဖို့ ကြောက်ပါပြီဆိုတဲ့ တောင်ကိုရီးယားအိမ်ရှင်

20.4.2023-yyl-iamge-2.jpg

တရုတ်လင်မယား ဒုက္ခပေးခဲ့လို့ တောင်ကိုရီးယားအိမ်ရှင်တစ်ယောက်ကတော့ တရုတ်တွေဆိုရင် ကြောက်လှပါပြီလို့ ညည်းခဲ့ရပါတယ်။ ဆိုးလ်မြို့မှာနေတဲ့ တောင်ကိုရီးယားအိမ်ရှင်က Airbnb ကနေ အိမ်ငှားတယ်။ တောင်ကိုရီးယားကို အလည်လာတဲ့ တရုတ်လင်မယားက သူ့အိမ်ကို ၂၅ ရက်ငှားဖို့ ငွေချေပြီးတော့မှ မြို့အစွန် ရောက်လွန်းလို့ သွားရ၊ လာရ ဝေးလွန်းတယ်ဆိုပြီး ငွေပြန်အမ်းပေးခိုင်းတယ်။ ဒါပေမဲ့ အိမ်ရှင်က ငွေပြန်အမ်းမပေးဘူး။

အဲဒီအတွက် တရုတ်လင်မယားက အိမ်ရှင်ကို ပညာပေးဖို့ ဆုံးဖြတ်တယ်။ အရင်ဆုံး ဘယ်နေရာတွေမှာ CCTV တပ်ထားသလဲလို့ မေးတယ်။ သူတို့က တောင်ကိုရီးယားကို လာလည်တဲ့ ၂၅ ရက်အတွင်း အဲဒီအိမ်ကို ၄၊ ၅ ရက်ခြားမှ တစ်ခါပဲ လာတယ်။ လာရင်လည်း မိနစ်ပိုင်းလောက်ပဲ နေကြတာပါ။ အိမ်ရှင်ကလည်း သူတို့ရဲ့အကြံအစည်ကို မရိပ်မိခဲ့ပါဘူး။

ဂတ်စ်ကုမ္ပဏီက ဂတ်စ်အသုံးပြုမှု အရမ်းများတဲ့အကြောင်း ဆက်သွယ်လာတော့မှ အိမ်ရှင်က သံသယဝင်ခဲ့တာပါ။ တရုတ်လင်မယားက ရေတန်ချိန် ၁၂၀ လောက်လည်း ဖြုန်းသွားတယ်။ ရေ၊ လျှပ်စစ်နဲ့ ဂတ်စ်ကို မသုံးဘဲနဲ့ ဖွင့်ခဲ့တာမျိုးပါ။ အိမ်ရှင်က ဒီအကြောင်း သိချိန်မှာတော့ တရုတ်လင်မယားက တရုတ်ပြည်ကို ပြန်သွားပါပြီ။ အိမ်ရှင်ကတော့ ရေဖိုး၊ မီတာခနဲ့ ဂတ်စ်ဖိုး ဒေါ်လာ ၁၅၀၀ ကျော် ပေးဆောင်ခဲ့ရတယ်။

Airbnb ကို ဆက်သွယ်ပေမဲ့ အိမ်ရှင်၊ အိမ်ငှားကြားက ကိစ္စဖြစ်လို့ ဝင်မရှင်းပေးနိုင်ဘူးဆိုတဲ့ တုံ့ပြန်မှုပဲ ရခဲ့ပါတယ်။

Ref: Couple Take Revenge on Airbnb Host by Using 120 Tonnes of Water

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top