မိသားစုရဲ့စွန့်လွှတ်မှုကိုခံခဲ့ရပေမဲ့ နယူးဇီလန်အလှမယ်ဖြစ်လာခဲ့တဲ့ ပထမဆုံးလိင်အင်္ဂါပြောင်းဖိလစ်ပိုင်အမျိုးသမီး

photo.jpg

အခုနှစ်မှာတော့ အေရီရယ် ကိုင်လ် (Arielle Keil) ဆိုတဲ့ အမျိုးသမီးဟာ Miss Intercontinental New Zealand ဆိုတဲ့ အလှမယ်သရဖူကို ဆောင်နိုင်ခဲ့တဲ့ ပထမဆုံးလိင်အင်္ဂါပြောင်းဖိလစ်ပိုင်အမျိုးသမီးဖြစ်လာခဲ့ပါပြီ။ သူဟာ ၂၀၁၇ခုနှစ်မှာ ဆန့်ကျင်ဘက်လိင်အနေနဲ့ ပြောင်းလဲပစ်ခဲ့တာပါ။ သူ အခုလိုပြောင်းလဲပစ်လိုက်တဲ့အတွက် သူ့မိသားစုက သူ့ကို စွန့်လွှတ်ပစ်ခဲ့ပြီး အိမ်ကနေ နှင်ချပစ်ခဲ့ပါတယ်။ သူ့မိသားစုရဲ့ပံ့ပိုးမှုမပါဘဲနဲ့ သူဟာ အလှမယ်သရဖူကို ဆောင်နိုင်ခဲ့ပါတယ်။ အခုဆိုရင် သူနဲ့သူ့အဖေတို့ရဲ့ဆက်ဆံရေးကလည်း တိုးတက်နေပါပြီ။

လိင်အင်္ဂါပြောင်းထားတဲ့ အေရီရယ်ဟာ အသက် ၂၆ နှစ်အရွယ်မှာ ပျော်ရွှင်မှုတွေရနေပြီး အရင်ကထက် ကိုယ့်ကိုယ်ကိုယ် ပိုပြီးယုံကြည်မှုရှိလာတဲ့အပြင် လူတော်တော်များများကလည်း သူ့ရဲ့အလှတရားကို အသိအမှတ်ပြုကြပါတယ်။ သူက Miss Intercontinental pageant မှာ နယူးဇီလန်ကိုယ်စားပြုအလှမယ်ဖြစ်သွားမှာဖြစ်ပါတယ်။ သူက Miss Intercontinental NewZealand သရဖူကို ဆောင်းရတယ်လို့ ကြားလိုက်တဲ့အချိန်မှာ အိပ်မက်တစ်ခုလိုခံစားခဲ့ရပြီး ဒါက တကယ်ဖြစ်တယ်ဆိုတဲ့ ခံစားချက်ကို မခံစားခဲ့ရဘူးလို့ဆိုပါတယ်။

အေရီရယ်က အလှမယ်တစ်ယောက်ဖြစ်တဲ့အချိန်မှာ သူ့အဖေနဲ့ဆက်ဆံရေးကလည်း တိုးတက်မှုရှိလာခဲ့တယ်ဆိုတာကို ထုတ်ပြောပြခဲ့ပါတယ်။ အစကတော့ သူ့အဖေက သူနဲ့အဆက်ဆံသိပ်မလုပ်ချင်ခဲ့ဘူး။ လိင်အင်္ဂါပြောင်းလဲပြီးကတည်းက တော်တော်လေး ပြောင်းလဲသွားခဲ့တာပါ။ အိမ်ကနေ မောင်းထုတ်ခံရပြီး ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူက လိင်အင်္ဂါပြောင်းလဲတာက ပြောင်းလဲသွားတာမရှိဘူးဆိုတာရယ် ကမ္ဘာ့အလှမယ်ဘွဲ့ကိုင်ဆောင်နိုင်တယ်ဆိုတာကိုပါ သူ့အဖေကို ပြချင်ခဲ့တယ်။ အခုတော သူ ဖြစ်ချင်သလိုဖြစ်လာခဲ့ပြီး သမီးတစ်ယောက်လို သူ့အဖေ အသိအမှတ်ပြုတာကိုလည်း မြင်တွေ့ရတဲ့အပြင် သားအဖဆက်ဆံရေးအရမ်းကောင်းမွန်လာခဲ့ပါတယ်။

အေရီရယ်က ဖိလစ်ပိုင်နိုင်ငံ၊ ဒါဗောင်းမြို့မှာ မွေးဖွားခဲ့တဲ့ အန်ဒရူးဆိုတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ မွေးဖွားခဲ့ပေမဲ့ နယူးဇီလန်မှာ ကြီးပြင်းခဲ့တာပါ။ သူက Miss Intercontinental New Zealand အလှမယ်ဘွဲ့ကို ရရှိခဲ့တဲ့ ပထမဆုံးလိင်အင်္ဂါပြောင်းအမျိုးသမီးဖြစ်တဲ့အပြင် Miss New Zealand အလှမယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပထမဆုံးလိင်အင်္ဂါပြောင်းအမျိုးသမီးလည်းဖြစ်ပါတယ်။ အလှမယ်ပြိုင်ပွဲဝင်ရတာ အမိုက်စားအတွေ့အကြုံတစ်ခုဖြစ်ပြီး သူ့အိပ်မက်တွေ တကယ်ဖြစ်လာဖို့အတွက် ဟိုအရင်ကတည်းက လုပ်ချင်ခဲ့တဲ့အရာဖြစ်တယ်လို့ အေရီရယ်က ဆိုပါတယ်။

လိင်အင်္ဂါပြောင်းအမျိုးသမီးတစ်ယောက်အဖြစ် လူရှေ့ထွက်ပြရတာက ဂေးတစ်ယောက်အနေနဲ့ထွက်ပြရတာထက် ပိုကြောက်ဖို့ကောင်းတယ်လို့လည်း သူက ဆိုပါတယ်။ သူ့ဘဝတစ်ခုလုံးကို ပြောင်းလဲပစ်တဲ့အပြင် သူ့သူငယ်ချင်း၊ မိသားစုတွေ သူ့ကိုကြည့်တဲ့အကြည့်တွေ၊ ဆက်ဆံတဲ့အပြုအမူတွေကို ပြောင်းလဲပစ်နိုင်တယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ဒါက သူ့ရဲ့ရွေးချယ်မှုဖြစ်တဲ့အတွက် နောင်တမရချင်ခဲ့ဘူး။ သူ့မိသားစုက သူ့ကို မောင်းထုတ်ခဲ့တုန်းက သူပိုင်ဆိုင်တဲ့အရာတွေကို အမှိုက်အိတ်တစ်လုံးနဲ့ထုတ်ပိုးပြီး နောက် ဘာဖြစ်လာမလဲဆိုတာ မသိဘဲ ထွက်လာခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ အရာရာက အဆင်ပြေခဲ့ပါတယ်။ အခုဆိုရင် သူ့အဖေက သူ့ကို သမီးအနေနဲ့ အပြည့်အဝလက်ခံနေပြီး သူ့အတွက် ဂုဏ်ယူနေပါတယ်။

Ref: Boredpanda “Transgender Woman Who Was Disowned By Her Family Becomes Miss Intercontinental New Zealand 2020”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top