ကျမ်းသစ္စာဆိုနေစဉ် ရှေ့နေတစ်ယောက်ရဲ့ကလေးကို ပွေ့ချီပေးထားတဲ့တရားသူကြီး လူမှုကွန်ယက်မှာ နာမည်ကြီးနေ

yyl-7.jpg

အခုမှဘွဲ့ရထားတဲ့ရှေ့နေမလေး ဂျူလီယားနာ လာမား ( Juliana Lamar) ဟာ သမာဓိခုံရုံးမှာ ကျမ်းသစ္စာဆိုနေစဉ်အတွင်း (၁) နှစ်အရွယ် သူ့ရဲ့သားလေးကို တရားသူကြီး ဒင်ဂင်းစ်က ချီပေးခဲ့တဲ့ ဖြစ်ရပ်လေးရှိခဲ့ပါတယ်။ အခုဆိုရင် အဲဒီလိုချီပေးခဲ့တဲ့ တရားသူကြီးကို လူမှုကွန်ယက်အကောင့်မှာ ချီးမွမ်းထောပနာပြုလို့နေပါတယ်။ ရှေ့နေမလေး ကျမ်းသစ္စာမဆိုခင် သူ့ရဲ့သားလေးကို သူကိုယ်တိုင် ချီထားလိုက်မယ်လို့ တရားသူကြီးက ပြောခဲ့တာပါ။ ဒါမှ ဂျူလီယားနာက ကလေးကြောင့် အနှောက်အယှက်မဖြစ်ဘဲ ကျမ်းသစ္စာဆိုတဲ့အခမ်းအနားကို ကောင်းကောင်းလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဂျူလီယားနားက ဥပဒေဘွဲ့ရရှိသွားတဲ့အတွက် တရားသူကြီးဒင်ဂင်းစ်ရှေ့မှာ ကျမ်းသစ္စာဆိုခဲ့ရတာဖြစ်ပါတယ်။ အဲဒီလိုကျမ်းသစ္စာဆိုနေစဉ်အတွင်း ဂျူလီယားနားက ကလေးတစ်ဖက်နဲ့ ဖြစ်နေတာကြောင့် တရားသူကြီးက ချီပေးခဲ့တာဖြစ်ပါတယ်။ တရားသူကြီးဒင်ဂင်းစ် ကလေးကို ပွေ့ချီထားတဲ့ဗီဒီယိုက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှုသူ ၆၅၅၀၀၀ ရှိခဲ့ပါတယ်။

ဂျူလီယားနားဟာ Belmont University College of Law က ဘွဲ့ရရှိခဲ့ပါတယ်။ သူ ပညာသင်ကြားနေစဉ် လွန်ခဲ့တဲ့ (၁) နှစ်က သူ့သားလေးကို မွေးဖွားခဲ့တာပါ။ သူ့ခင်ပွန်း၊ မိဘတွေရဲ့ပံ့ပိုးအားပေးမှုတွေနဲ့ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူနိုင်ခဲ့ပါတယ်။ တရားသူကြီးဒင်ဂင်းစ်ကိုလည်း သူပညာသင်ယူနေတဲ့ တစ်လျှောက်လုံး စိတ်ဓာတ်ခွန်အားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ခဲ့ပါတယ်။

ဥပဒေပညာသင်ကြားပြီးသွားရင် ဥပဒေကျောင်းသား/သူတွေက မိမိတို့ရဲ့သက်ဆိုင်ရာပြည်နယ်တွေမှာ ဥပဒေကို ထမ်းဆောင်ဖို့အတွက် အမေရိကရဲ့ သမာဓိခုံရုံးမှာ ဝန်ခံကတိပြုကြရပါတယ်။ ပရောဖက်ရှင်နယ်ရှေ့နေအေဖွဲ့အစည်းတွေက ရှေ့နေတွေကို ဥပဒေနဲ့အညီထမ်းဆောင်နိုင်ဖို့အတွက် ဥပဒေစည်းမျဉ်းစည်းကမ်းတွေချပေးရပါတယ်။

ဗီဒီယိုလင့်ခ်

Ref: This Awesome Judge Held The Baby Of A Law Student As She Was Sworn Into The State Bar

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top