လန်ဒန်ဖျော်ဖြေပွဲအတွင်း ချစ်သူတေလာဆွစ်ဖ်နဲ့အတူ စင်ပေါ်တက်ရောက်ဖျော်ဖြေဖြစ်ခဲ့တဲ့ ထရာဗစ်ကယ်လ်စီ

24.6.2024-yyl-2.jpg

ကမ္ဘာကျော်အဆိုတော်တေလာဆွစ်ဖ်က ကမ္ဘာလှည့်ဖျော်ဖြေပွဲ Eras Tour လုပ်နေတာအခုဆို လန်ဒန်မြို့ကို ရောက်ရှိလာခဲ့ပါပြီ။ သူ့ချစ်သူ အမေရိကန်ကစားသမားအကျော်အမော် ထရာဗစ်ကယ်လ်စီကလည်း ကမ္ဘာ့လှည့်ဖျော်ဖြေမှုလုပ်နေတဲ့ သူ့ကို အပြည့်အဝပံ့ပိုးမှုလုပ်နေပါတယ်။

ဇွန် ၂၃ ရက်နေ့ညနေက ထရာဗစ်ဟာ ဝတ်စုံအပြည့်နဲ့ ဖျော်ဖြေပွဲစင်မြင့်ထက်မှာ ချစ်သူနဲ့အတူပါဝင်ဖြစ်ခဲ့ပါတယ်။ ဖျော်ဖြေပွဲလာရောက်ခဲ့ကြတဲ့ပရိသတ်တွေက အဲ့ဒီမြင်ကွင်းကို မှတ်တမ်းတင်ရိုက်ကူးခဲ့ကြပါတယ်။ I Can Do It With A Broken Heart သီချင်းဖျော်ဖြေစဉ်အတွင်း ထရာဗစ်က စင်မြင့်ပေါ်တက်ရောက်ခဲ့တာပါ။

လန်ဒန်ရှိုးမတိုင်ခင်ကလည်း ထရာဗစ်ကို VIP တဲထဲကနေ သူ့အစ်ကို ဂျဆင်ကယ်လ်စီ၊ တေလာရဲ့အခြားဆယ်လီသူငယ်ချင်းတွေနဲ့အတူ ထွက်လာတာတွေ့မြင်ခဲ့ရပါတယ်။

Ref: Travis Kelce joins Taylor Swift on stage during London Eras Tour stop

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top