သားသားမီးမီးတွေ ကျန်းမာရေးနဲ့ညီညွှတ်စွာ နေထိုင်စားသောက်တတ်ဖို့ ဘယ်လိုလုပ်ကြမလဲ

30-12-2020-yyl01.jpg

ကလေးတွေကို ပြုစုပျိုးထောင်စောင့်ရှောက်ရတဲ့တာဝန်ကလည်း မလွယ်ကူလှပါဘူး။ ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါ အတိမ်စောင်းခံလို့မရပါဘူးနော်။ အဆုံးသတ်မရှိတဲ့ ရိုလာကိုစတာပေါ်မှာ ထိုင်နေရသလိုပါပဲ။ ကလေးတွေ လိမ္မာယဉ်ကျေးဖို့အတွက် မိဘတွေက ဆူငေါက်ပေးရတာတွေရှိသလို ကလေးတွေ အစားအစာဖို့အတွက်ရော၊ ကျောင်းသွားတက်ဖို့အတွက်ပါ ချော့မော့ပေးရတဲ့အချိန်တွေလည်းရှိပါတယ်။ ကလေးတွေကို ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသောက်နေထိုင်စေဖို့အတွက် လုပ်ဆောင်ရတာကလည်း မိဘတွေအတွက် စိန်ခေါ်မှုအများဆုံးတာဝန်တစ်ခုလိုဖြစ်နေတယ်ဆိုတာ ဘယ်မိဘမှ ငြင်းကြမယ်မထင်ပါဘူးနော်။ ဒါကြောင့် ကျန်းမာရေးညီညွှတ်စွာ ကလေးတွေ စားသောက်တတ်ဖို့အတွက် မိဘတွေက ဘယ်လိုလုပ်ဆောင်ပေးရမလဲဆိုတဲ့ နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။

စံနာမူနာကောင်းအနေနဲ့ နေထိုင်ပြုမူပါ

ကလေးတွေက တစ်ယောက်ယောက်လုပ်တာကို မြင်ရင် လိုက်ပြီးအတုခိုးတတ်ကြပါတယ်။ အတုခိုးရလွယ်ကြပါတယ်။ မိဘတွေက ကလေးရှေ့မှာ လဲလျောင်းပြီး တီဗီကြည့်နေတာ၊ ဖုန်းသုံးနေတာတွေလုပ်နေမယ်ဆိုရင် ကလေးတွေက မိဘတွေအတိုင်းလိုက်လုပ်ပါလိမ့်မယ်။ ဒါကြောင့် သင်က ကလေးတွေရှေ့မှာ စံနမူနာကောင်းမှ ကလေးတွေကို သင်ပေးဖို့အကောင်းဆုံးဖြစ်မှာပါ။ ကျန်းမာရေးနဲ့ညီညွှတ်စွာ နေထိုင်စားသောက်တတ်ဖို့အတွက် မိဘတွေကလည်း ကလေးတွေရှေ့မှာ ကျန်းမာရေးနဲ့ညီညွှတ်စွာစားသောက်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေလုပ်ရပါလိမ့်မယ်။ ကျန်းမာရေးနဲ့ညီညွှတ်စွာနေထိုင်စားသောက်ခြင်းရဲ့အရေးကြီးမှုကို ကလေးတွေက မိဘတွေဆီကနေ သင်ယူနိုင်မှာဖြစ်ပါတယ်။

ထမင်း၊ဟင်းချက်တဲ့အခါ ကလေးတွေရဲ့အကူအညီကို ယူပါ

ထမင်း၊ဟင်းချက်တဲ့အခါ ကလေးတွေကို ဟင်းသီးဟင်းရွက်တွေလှီးတာဖြစ်ဖြစ် ကူညီပေးဖို့ တောင်းဆိုပေးပါ။ အဲဒီလို ဟင်းချက်တဲ့နေရာမှာကလေးတွေကို ကူညီခိုင်းမယ်ဆိုရင် ကလေးတွေက သူတို့ကူညီပြီး ပြင်ဆင်ရတဲ့အစားအစာတွေကို စားချင်လာပါလိမ့်မယ်။

သွားရည်စာတွေကို အချိန်သတ်မှတ်ပြီး ကျွေးပါ

ကလေးတွေက ကျန်းမာရေးနဲ့ညီညွှတ်တဲ့ထမင်းနဲ့ဟင်းတွေကို စားပြီးသွားရင် သွားရည်စာကို စားချင်မိကြပါတယ်။ ကလေးတွေကို အိမ်စာလုပ်ပြီးရင်ကျွေးမယ်ဆိုတာတွေ မလုပ်မိပါစေနဲ့။ သူတို့ကို သွားရည်စာကျွေးတဲ့အခါ အချိန်သတ်မှတ်ပြီး ကျွေးပေးပါ။ ကလေးတွေအတွက် အစာပြေမုန့်တွေကို အိမ်မှာပဲ ကိုယ်တိုင်လုပ်ဖို့ကြိုးစားကြည့်ရင်တော့ အကောင်းဆုံးပါပဲ။ မိသားစုစုံစုံလင်လင်ရှိတဲ့အချိန်မှာ တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်လောက်ဖြစ်ဖြစ် ကလေးတွေနဲ့ အပြင်ထွက်စားလို့ရပါတယ်။

လိုက်လျောညီထွေမှုရှိဖို့ကလည်း သော့ချက်ပါပဲ

နွေရာသီမှာ ရေခဲမုန့်စားတာ၊ ရုပ်ရှင်ကြည့်တဲ့အခါ အစာပြေမုန့်စားတာက အဆင်ပြေပါတယ်။ ကလေးတွေ သွားရည်စာမုန့်စားတာကို အရမ်းတင်းကျပ်လိုက်ရင် ပြဿနာဖြစ်နိုင်ပါတယ်။ ကလေးတွေကို ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေတာနဲ့ အစာပြေမုန့်ကျွေးတာတွေကို အလှည့်ကျကျွေးတတ်ပါစေ။

ကလေးတွေကို အစားအစာကျွေးတဲ့အခါ စိတ်ရှည်ပါ

ကလေးတစ်ယောက်က အရွယ်ရောက်လာတာနဲ့ သူတို့ကြိုက်တာ၊ မကြိုက်တာတွေကို အဖြေထုတ်နေကြတုန်းပါပဲ။ သူတို့တွေက အစပိုင်းမှာတော့ တစ်ခုခုကို မကြိုက်ပေမဲ့ နောက်ပိုင်းကျရင် ကြိုက်သွားတတ်ကြတာပါပဲ။ ဒါကြောင့် ကလေးတွေကို ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေကို ကျွေးတဲ့အခါ မိဘတွေက စိတ်ရှည်ဖို့လိုပါတယ်။ ကလေးတွေက အစပိုင်းမှာ မစားချင်ပေမဲ့ နောက်ပိုင်းမှာ စားချင်လာပါလိမ့်မယ်။ အချိန်တော့ပေးရပါတယ်။ သူတို့ကြိုက်နှစ်သက်တဲ့အစားအစာနဲ့တွဲပြီးတော့လည်း ကျွေးလို့ရပါတယ်။

Ref: Tricks to get your kids eat healthy
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top