စာအပါအဝင် တစ်စုံတစ်ခုကို မှတ်မိချင်တဲ့အခါ အသံမြှင့်ပြီး ဖတ်သင့်၊ ပြောသင့်ကြောင်း လေ့လာတွေ့ရှိ

6-7-2020-yyl-023.jpg

မိမိကိုယ်ကို အသံထွက်ပြန်ပြောတာမျိုး ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ကို အသံနှုန်းမြင့်ပြီး ရှင်းပြတာမျိုးပြုလုပ်ပေးခြင်းက တစ်စုံတစ်ခုကိုသတိရနေဖို့ အထောက်အကူဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိချက်တွေက ဆိုလိုက်ပါတယ်။

သူတို့ကိုယ်သူတို့ စကားပြန်ပြောနေတဲ့သူတွေကိုကြည့်ရတာ နည်းနည်းရယ်စရာကောင်းတယ် ဆိုပေမဲ့လည်း သူတို့ရဲ့မှတ်ဥာဏ်ကတော့ တိတ်တဆိတ်တွေးခေါ်နေတဲ့သူတွေရဲ့မှတ်ဥာဏ်ထက် ပိုလို့ကောင်းပါတယ်။

ဒီတွေ့ရှိချက်ဟာ စာမေးပွဲဖြေဆိုနေရတဲ့ကျောင်းသား၊ ကျောင်းသူတွေကစလို့ မကြာခဏမေ့တတ်တဲသူတွေအထိတောင် အကူအညီဖြစ်စေနိုင်ပါတယ်။

မွန်ထရီရယ် (Montreal) တက္ကသိုလ်ကနေပြီး ကျောင်းသား၊ ကျောင်းသူ (၄၄) ယောက်နဲ့ စခရင်ပေါ်က စာလုံးတွေဖတ်ရတဲ့ သုတေသနကို ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ကျောင်းသား/သူတွေနဲ့ပြုလုပ်တဲ့ သုတေသနမှာတော့ ခေါင်းထဲကပဲ စာစီဖတ်ခိုင်းတာ၊ နှုတ်ခမ်းလေးပဲလှုပ်ပြီး အသံတိတ်ဖတ်ခိုင်းတာ၊ နောက်ထပ် စခရင်ကို ကြည့်ပြီး ကျယ်ကျယ်လောင်လောင်အော်ဖတ်ခိုင်းတာမျိုးနဲ့ တစ်ယောက်ယောက်ကို အသံကျယ်ကျယ်နဲ့ ပြောဆိုတာတွေဆိုပြီး ပုံစံ (၄) မျိုးနဲ့ သုတေသနပြုလုပ်ခဲ့ကြပါတယ်။

၎င်းတို့ထဲမှာမှ စခရင်ကိုကြည့်ပြီး ကျယ်ကျယ်လောင်လောင်အော်ဖတ်တာနဲ့ တစ်ယောက်ယောက်ကို အသံကျယ်ကျယ်နဲ့ ပြောဆိုတာတွေက ဒီသုတေသနရဲ့ အထိရောက်ဆုံးရလဒ္တွေလို့ ဆိုပါတယ်။

မွန်ထရီရယ်တက္ကသိုလ်ရဲ့ပါမောက္ခတစ်ဦးဖြစ်သူ ဗစ်တာ ဘူရှဲ (Victor Boucher) ကနေပြီး “အသံမထွက်ဘဲ ရွတ်ဖတ်တာက မှတ်ဥာဏ်နဲ့ပတ်သတ်တဲ့ ဦးနှောက်အာရုံခံမှုစွမ်းရည်ကို တိုးတက်စေနိုင်တယ်ဆိုပေမဲ့ အသံထွက်ရွတ်ဖတ်တာကသာ အကြောင်းအရာတစ်ခုကို ပိုလို့မှတ်မိလွယ်စေနိုင်တာပါ” လို့ဆိုပါတယ်။

အခုလို တစ်ယောက်ယောက်ကို ပြောပြလိုက်တာနဲ့ နှုတ်ခမ်းလေးပဲဖစ်ဖြစ် လှုပ်ပြီးရွတ်ဖတ်တာက ဘာလို့ပိုပြီးမှတ်မိလွယ်စေနိုင်တဲ့ အကြောင်းအရင်းတွေဖြစ်နေရလဲဆိုတာကို ဘူရှဲက ထပ်လောင်းရှင်းပြသွားပါသေးတယ်။

ကျွန်တော်တို့ လူသားတွေအချင်းချင်း ဆက်သွယ်တဲ့နေရာမှာ ဦးနှောက်က ကြားခံအာရုံခံအင်္ဂါတစ်ခုအဖြစ် ပါဝင်နေတာဖြစ်လို့ အကြောင်းအရာတစ်ခုကို နှုတ်နဲ့ပြောဆိုဖော်ပြခြင်းက ဦးနှောက်အာရုံခံမှုစွမ်းရည်ကို တိုးတက်လာစေပြီး မှတ်ဥာဏ်ပိုကောင်းလာစေနိုင်တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ရလဒ်အနေနဲ့ဆိုရင်တော့ ကျွန်တော်တို့လိုချင်တဲ့သတင်းအချက်အလက်တွေအားလုံးက မှတ်ဥာဏ်ထဲမှာ သိုလှောင်ထားပါတယ်” တစ်နည်းအားဖြင့် ဒီလိုအချက်အလက်တွေနဲ့ အလုပ်လုပ်ရတဲ့အခါ နှုတ်ခမ်းလှုပ်ပြီး ရွတ်ဖတ်တာမ်ိုး၊ အသံမြှင့်ပြီး ပြောဆိုတာမ်ိုးနဲ့ တစ်စုံတစ်ယောက်ရှေ့မှာ ပြောနေတာမျိုးတွေက မှတ်ဥာဏ်တွေကိုပြန်ရှာရ ပိုမိုလွယ်ကူစေနိုင်ပါတယ်။

နောက်ထပ် ဘာသာစကားတိုင်းမှာ အဓိပ္ပါယ်ဖော်လို့မရတဲ့၊ အဓိပ္ပါယ်မရှိတဲ့ ဝဏ္ဏတွေရှိပါတယ်။ အဲလိုစကားစုတွေကိုတော့ အော်ပြီးပဲဖတ်ဖတ်၊ အသံတိတ်ပြီးပဲဖတ်ဖတ် ဒါမှမဟုတ်လည်း တစ်စုံတစ်ယောက်ကိုပဲ သွားပြောနေနေ အဲ့ဒီအရာတွေက သင့်ရဲ့မှတ်ဥာဏ်အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုမှ ရှိလာနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

အသံထွက်အော်ပြောခြင်းဟာသင့်ရဲ့မှတ်ဥာဏ်ကို တိုးတက်လာစေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ နောက်ထပ် သုတေသနပညာရှင်တွေရဲ့ အသစ်အသစ်သော လေ့လာတွေ့ရှိချက်မှာတွေမှာတော့ လက်တစ်ဖက်ကို စက်ဝိုင်းပုံသဏ္ဍာန်အတိုင်း လှည့်ပေးတာ၊ ပီကေဝါးတာ၊ ရေသောက်တာနဲ့ ရောက်တတ်ရာရာ ပုံတွေလျှောက်ဆွဲတာမျိုးတွေကပါ သင့်မှတ်ဥာဏ်ကို တိုးတက်လာစေနိုင်တဲ့ အကြောင်းရင်းတွေထဲပါဝင်နေတယ်လို့ ဆိုပါတယ်။

Ref : dailymail “the secrets to remembering things? Read them aloud

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top