ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးပွဲမှာ သေဆုံးခဲ့သူဟာ မိသားစုကို ကာကွယ်ရင်း ကျည်ဆန်ထိမှန်ခဲ့ခြင်း ဖြစ်

14.7.2024-yyl-4.jpg

ဒေါ်နယ်ထရမ့်ရဲ့ ညာဘက်နားရွက် ထိမှန်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုမှာ အသက်ဆုံးရှုံးခဲ့သူဟာ မိသားစုကို ကာကွယ်ပေးရင်း ကျည်ဆန်ထိမှန်ခဲ့တာဖြစ်တယ်လို့ ပင်ဆယ်ဗေးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂျို့စ်ရှာပီရိုက ပြောပါတယ်။ အသက် ၅၀ အရွယ် မီးသတ်တပ်ဖွဲ့ဝင် ကိုရေးဟာ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေး စုဝေးပွဲကို အားပေးနေရင်း သေနတ်သံတွေ ထွက်ပေါ်လာချိန်မှာ မိသားစုကို လူသားဒိုင်းအဖြစ် ကာကွယ်ပေးရင်း ကျည်ဆန်ထိမှန် သေဆုံးခဲ့တာပါ။

” ဒေါ်နယ့်ထရမ့်ရဲ့ ပင်ဆယ်ဗေးနီးယား မဲဆွယ်စည်းရုံးပွဲက ကျွန်မအစ်ကိုရဲ့ အသက်ကို နုတ်ယူသွားခဲ့တယ်။ လူတစ်ယောက်ကို မုန်းတဲ့အမုန်းကြောင့် ကျွန်မတို့ရဲ့ အချစ်ရဆုံးသူ အသက်ဆုံးရှုံးခဲ့ရတယ်”လို့ ကွယ်လွန်သူရဲ့ ညီမက ဆိုပါတယ်။

ကိုရေးဟာ ဘက်ဖလိုမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ရဲ့ အကြီးအကဲဟောင်းတစ်ဦး ဖြစ်တယ်လို့ ပစ်တ်ဘတ်ပို့စ်သတင်းစာက ဖော်ပြပါတယ်။ ကိုရေးဟာ အိမ်ထောင်ရှိပြီး သားသမီးနှစ်ဦး ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: Trump rally shooting victim died shielding family from bullets
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top