ဟာလာဟင်းလင်းဖြစ်နေတဲ့ အဆောက်အအုံကို (၂)ရက်အတွင်း ခုတင်(၁၀၀၀)ဆေးရုံအဖြစ် ပြောင်းလဲ

yyl-028-14.jpg

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် တရုတ်နိုင်ငံရဲ့ပထမဆုံးအရေးပေါ်ကုသဆေးရုံကြီးကို (၂) ရက်တည်းနဲ့ ပြင်ဆင်မွမ်းမံပြီး ဖွင့်လှစ်နေပြီလို့ သိရပါတယ်။ ဟွမ်ကန်မြို့က အလုပ်သမားတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ကိုရိုနာဗိုင်းရပ်စ်လူနာ (၁၀၀၀) ဝန်းကျင်ကို ကုသပေးနိုင်မယ့် ဆေးရုံကြီးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ပါဝင်ဆောက်လုပ်ပေးခဲ့ကြတာပါ။ သူတို့တွေက အဆောက်အဦးအလွတ်ကြီးကနေ ခုတင် (၁၀၀၀) အရေးပေါ်ဆေးကုသတဲ့ဆေးရုံကြီးအဖြစ် (၂) ရက်တည်းနဲ့ ပြောင်းလဲပစ်ခဲ့ပါတယ်။

ဟွမ်ကန်မြို့အာဏာပိုင်တွေက ဒီအဆောက်အဦးကြီး လျင်လျင်မြန်မြန်နဲ့ ပြီးစီးခဲ့တာက ဆောက်လုပ်ရေးဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့တွေ၊ ကုမ္ပဏီတွေအားလုံးပူပေါင်းပြီး ကြိုးစားအားထုတ်ခဲ့တာကြောင့်ပါလို့ ပြောပါတယ်။ အစက ဟွမ်ကန်မြို့ရဲ့ဟွမ်ကျုံးခရိုင်က ဆေးရုံအဆောက်အဦးကို Huanggang Central Hospitalရဲ့ ဆေးရုံခွဲအသစ်တစ်ခုအဖြစ် ဆောက်လုပ်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါကုဆေးရုံကြီးကို စနေနေ့က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး တနင်္လာနေ့မှာတော့ ကုတင်တွေအားလုံးကို နေရာချခဲ့ပြီး ရေ၊ လျှပ်စစ်နဲ့ အင်တာနက်တွေကိုလည်း တပ်ဆင်ပြီးစီးခဲ့ပါတယ်။ အလုပ်သမား (၅၀၀) ကျော်က ဒီအဆောက်အဦးကြီး အချိန်မီပြီးစီးဖို့အတွက် (၂) ရက်တည်းနဲ့ ကြိုးစားပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

ဟွမ်ကန်မြို့က ဝူဟန်မြို့ရဲ့အနောက်တောင်ဘက် (၇၅) ကီလိုမီတာမှာတည်ရှိပြီး လူဦးရေ (၇.၅) သန်းဝန်းကျင်ရှိပါတယ်။ ဗိုင်းရပ်စ်ကူးစက်အခံရဆုံးနေရာတွေထဲက တစ်ခုလည်းဖြစ်ပြီး ဝူဟန်မြို့နဲ့ တစ်ရက်တည်းပဲ ဟွမ်ကန်မြို့ထဲ ဝင်ထွက်သွားလာမှုကို ပိတ်ပစ်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကုဆေးရုံကြီးက ဟွမ်ကန်မှာ ပထမဆုံးဖွင့်လှစ်တဲ့ဆေးရုံဖြစ်ပေမယ့် ဝူဟန်မြို့ကလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကုဆေးရုံကြီ Fire God Mountain Hospitalကို ဆောက်လုပ်နေပြီး ဖေဖော်ဝါရီ (၃) ရက်နေ့မှာ စတင်ကုသနိုင်မယ်လို့ သိရပါတယ်။ အဲဒါအပြင် ဝူဟန်မြို့မှာ နောက်ထပ် ဆေးရုံ (၂) ခုဖြစ်တဲ့ Thunder God Mountain Hospital ဆေးရုံနဲ့ ကျန်ကျုံပြည်နယ်က ဆေးရုံတစ်ခုတို့ကို ဆောက်လုပ်နေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေနဲ့ ရောဂါကူးစက်ခံရသူဦးရေတွေက မြင့်တတ်လျက်ရှိပါတယ်။

Ref: China’s first coronavirus hospital OPENS after workers and volunteers spend two days converting an empty building into a 1,000-bed medical centre

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top