ကမ္ဘာ့ဈေးအကြီးဆုံး Bugatti La Voiture Noire စူပါကားကို ဝယ်ယူလိုက်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို

c008286662c65f34.jpg

တစ်ကမ္ဘာလုံးမှာတစ်စီးတည်းသာရှိတယ်လို့ဖော်ပြထားခြင်းခံရတဲ့ ဘူဂတ်တီ La Voiture Noire စူပါကားရဲ့ ပိုင်ရှင်က ပေါ်တူဂီဘောလုံးအကျော်အမော် ခရစ္စတီယာနို ရော်နယ်ဒို (Christiano Ronaldo) ဖြစ်တယ်ဆိုတဲ့ သတင်းက လက်ရှိမှာ အတော်လေးကို ပျံ့နှံ့လို့နေပါတယ်။

ဒီလိုသတင်းတွေ ပျံနှံ့နေရတဲ့အကြောင်းကတော့ တစ်ကမ္ဘာလုံးမှာတစ်စီးတည်းသာရှိပြီး ၂၀၁၉ ဂျီနီဗာကားပြပွဲမှာ ပထမဦးဆုံးမိတ်ဆက်ပြသခဲ့တဲ့ ဘူဂတ်တီ La Voiture Noire ကားသစ်ကို ရော်နယ်ဒိုက ပေါင် (၉. ၄၉) သန်းနဲ့ ဝယ်ယူထားပြီးဖြစ်တယ်လို့ သတင်းဌာနတချို့က အခိုင်အမာကို ဖော်ပြနေကြလို့ပါ။

တစ်ကမ္ဘာလုံးမှာတစ်စီးတည်းသာရှိပြီး ၂၀၁၉ ဂျီနီဗာကားပြပွဲမှာ ပထမဦးဆုံးမိတ်ဆက်ပြသခဲ့တဲ့ ဘူဂတ်တီ La Voiture Noire ကား

ပြင်သစ်ဇိမ်ခံကားကုမ္ပဏီ ဘူဂတ်တီဟာ ကုမ္ပဏီတည်ထောင်သက် နှစ် (၁၁၀) ပြည့်မြောက်တဲ့အထိမ်းအမှတ်အနေနဲ့ ဒီကားကို တစ်ကမ္ဘာလုံးမှာ တစ်စင်းတည်းပဲ ကန့်သတ် ထုတ်လုပ်ထားတာဖြစ်ပြီး ၂၀၁၉ မတ်လအတွင်းကကျင်းပတဲ့ ဂျီနီဗာကားပြပွဲမှာ ကမ္ဘာ့ဈေးအကြီးဆုံးကားဖြစ်ခဲ့တဲ့ La Voiture Noire ကားဟာ အခုအချိန်မှာတော့ ရော်နယ်ဒိုပိုင်ဆိုင်တဲ့ အဖိုးတန်ကားစာရင်းထဲကို ရောက်ရှိလာခဲ့ပါပြီ။

ကနဦးသတင်းတွေမှာတုန်းက ဒီကားကိုဝယ်ယူခဲ့သူဟာ ဗောက်စ်ဝက်ဂွန်ကားကုမ္ပဏီရဲ့ဥက္ကဌဟောင်း ဖာဒီနန် ပီးချ် ဖြစ်ကြောင်းဖော်ပြခဲ့ကြပေမဲ့ အခုလက်ရှိမှာတော့ ပေါ်တူဂီဘောလုံးအကျော်အမော်ကသာ အမှန်တကယ်ဝယ်ယူပိုင်ဆိုင်ထားခဲ့သူဖြစ်တယ်လို့ စပိန်သတင်းစာတွေက အကျယ်တဝင့် ဖော်ပြနေကြပြန်ပါတယ်။

မီလျံနာအားကစားသမားတွေစာရင်းမှာပါဝင်သူတစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုဟာ ဒီလိုမျိုးအဖိုးတန်ဇိမ်ခံကားတွေ၊ ပြိုင်ကားတွေကို ဈေးကြီးပေးဝယ်ယူစုဆောင်းလေ့ရှိသူဖြစ်

မီလျံနာအားကစားသမားတွေစာရင်းမှာပါဝင်သူတစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုဟာ ဒီလိုမျိုးအဖိုးတန်ဇိမ်ခံကားတွေ၊ ပြိုင်ကားတွေကို ဈေးကြီးပေးဝယ်ယူစုဆောင်းလေ့ရှိသူဖြစ်တာကြောင့် ဒီကားကို သူဝယ်လိုက်တယ်ဆိုတာဟာ အတော်လေးဖြစ်နိုင်ချေရှိတဲ့သတင်းလို့ ယူဆလို့ရနေပါတယ်။

ဘူဂတ်တီ La Voiture Noire ကားကို ၁၉၃၆ နဲ့ ၁၉၃၈ အကြားကာလမှာထုတ်လုပ်ခဲ့တဲ့ ဂန္တဝင် 57 C Atlantic ဘူဂတ်တီကားဒီဇိုင်းအပေါ်အခြေခံပြီး အဆင့်မြှင့်မွမ်းမံဖန်တီးထုတ်လုပ်ထားတာဖြစ်

ဘူဂတ်တီ La Voiture Noire ကားကို ၁၉၃၆ နဲ့ ၁၉၃၈ အကြားကာလမှာထုတ်လုပ်ခဲ့တဲ့ ဂန္တဝင် 57 C Atlantic ဘူဂတ်တီကားဒီဇိုင်းအပေါ်အခြေခံပြီး အဆင့်မြှင့်မွမ်းမံဖန်တီးထုတ်လုပ်ထားတာဖြစ်ကာ (၈. ဝ) လီတာ W16 တာဘိုအင်ဂျင်ကိုတပ်ဆင်ပေးထားတာကြောင့် တစ်နာရီကို မိုင် (၂၆၀) နှုန်းထိမောင်းနှင်နိုင်တဲ့အတွက် ပြိုင်စံရှားစူပါကားတစ်စီးလို့သတ်မှတ်ခြင်းခံထားရပါတယ်။

Ref: “Ronaldo ‘buys world’s most expensive car’ – a £9.5million one-off Bugatti La Voiture Noire”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top